အဆုံးအမများ


စေတနာနှင့်ရတနာ

ေ မာ င်ေ သွး ချွ န်ေ ပး ပို့ ပူေ ဇာ် သ ည်

လူဆိုတာ စေတနာကို ဂရုစိုက် ရတယ်။ စေတနာဆိုတာ လူကပိုင် တာ၊ ရတနာဆိုတာ ဘုရားပိုင်တာ၊ စေတနာ လူကရှိရင် ရတနာကို ဘုရားက လောင်းပေးနိုင်တယ်။ ဒါ့ကြောင့် စေတနာအိုး မခန်းခြောက် သရွေ့ ပစ္စည်းအိုးလည်း မခန်းခြောက် ပါဘူး။ စေတနာအိုး ခန်းခြောက်ရင် ပစ္စည်းအိုးလည်း ခန်းခြောက်တယ်။ လှူတဲ့အခါမှာ စေတနာကို ဂရုစိုက် လှူ၊ နည်းအမျိုးမျိုးနဲ့ ထက်ထက် သန်သန်ဖြစ်အောင် စိတ်ကို ဂရုစိုက် ပေးရမယ်။
စိတ်ဆိုတာ စောင့်ရှောက်ဖို့ အလွန်ခဲယဉ်းတဲ့တရား၊ မည်မျှ လောက် အစောင့်အရှောက်ကောင်း ပါတယ်ဆိုပေမယ့် လွတ်လွတ်ပြေး တတ်တယ်။ ဒါ့ကြောင့် စေတနာကို ဂရုစိုက်လှူပါ။ စေတနာရှိရင် ရှိသ လောက် ကောင်းကျိုးမင်္ဂလာ အလွန် ထက်သန်ပါတယ်။ ဒါ့ကြောင့် စေတ နာအိုး မခန်းခြောက်လျှင် ပစ္စည်းအိုး လည်း မခန်းခြောက်၊ စေတနာက ထက်သန်နေတယ်၊ မှန်နေတယ်၊ ကြည်နေပြီဆိုရင် ရတနာပိုင်တဲ့ ဘုရားက တရားရတနာ ဝမ်းထဲ ရောက်အောင် စိတ်ပေါ်မှာကပ်သွား အောင် သွင်းပေးလိမ့်မယ်။ ဒီလို တရားနဲ့သေတဲ့သူ ဆွမ်းသွတ်လွတ် သွားပြီ။ ဒါကို အကျက်သေလို့ခေါ် တယ်။ ရတနာကိုမရဘဲနဲ့သေသွား ရင် အစိမ်းသေလို့ခေါ်တယ်။
စေတနာနဲ့ရတနာ နှစ်ပင်ပူးမှ သည်ဘဝမှာ အရှင်ကူးနိုင်တယ်။
ကျေးဇူးရှင်ရွှေပေါ်ကျွန်း ဆရာတော်ဘုရားကြီး
၂ဝဝ၄ ၊ ဒီဇင်ဘာထုတ် ရွှေပေါ်ကျွန်းကျင့်စဉ်နှင့် တရားတော်များ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s