ဒါနပတ္တိကထာ


နမောတေ ဗုဒ္ဓဝီရတ္ထု
——————————————————–
နိဋ္ဌံ ဂတံ ပုညံတဿ ဆန္ဒဗလေန တေဇသာ
သဗ္ဗေ ခေမာ ဝေရာ ဟောန္တု ဘဝန္တု သုခတာ သဒါ
ပညာယ ပဋိဝိဇ္ဈန္တု ဝိမုဉ္ဇန္တု ဒုဘိန္နရာ
ဟိံကာလေ ဖုဿဓမ္မတာ အဓမ္မကာမ ဝါဒါပိ
ဒါနာဒိ ကမ္မ ဗီဇကာပိ ကုသလာ သုဂတာ သေဋ္ဌာ
နိဒါပေန္တု အပစ္စက္ခာ ဘုဉ္စာယ ဣဓပစ္စက္ခာ
နရဘာဝေ နရံစိတ္တံ ဟိပေါသေန္တု ကမ္မကတာ။    ။
ပုညံ – ကောင်းသောအမှု ပြုစုရခြင်းသည်ကား၊ နိဋ္ဌံ – ပြီးဆုံးခြင်းသို့၊ အတိ – ရောက်ခဲ့ရပါချေပြီ။
တဿ – ထိုကောင်းမှု၏၊ ဆန္ဒဗလေန – ဆန္ဒအားမှ ဖြစ်သော၊ တေဇေန – အရှိန်အဟုန်ကြောင့်၊ သဗ္ဗေ – သုံးဆယ့်တစ်ဘုံသားအားလုံး၊ ခေမာ – ဘေးကင်းကြကုန် သည်၊ ဟောန္တု – ဖြစ်ကြပါစေ၊ အဝေရာ – ရန်ကင်းကြကုန် သည်၊ ဟောန္တု – ဖြစ်ကြပါစေ။    သဒါ – နေ့ညဥ့်အရာ ဘယ်ခါမလပ်၊ သုခိတာ – ချမ်းသာကြကုန်သည်၊ ဟောန္တု – ဖြစ်ကြပါစေ။
တေသဗ္ဗေ – ထိုအလုံးစုံထဲရှိ လူသားအားလုံးတို့သည်၊ နုသိန္နရာ – မကောင်းမှုကြောင့် ပျက်စီးနေသူများကို၊ ပညာယ – ချင့်ချိန်တိုင်းထွာ Óဏ်ပညာဖြင့်၊ ပဋိဝိဇ္ဈန္တု – ထိုးဖောက် လှစ်ပြူ သင်ခန်းစာယူတတ်ကြပါစေ။
ဟိံကာလေ – ဆုတ်ဇာတ်ကာလကြီးထဲ၌၊ ဖုဿဓမ္မတာ – တွေ့ရမြဲ၊ ကြုံရမြဲဖြစ်ကုန်သော၊ အဓမ္မကာမ ဝါဒါပိ – မတရားလိုချင်ခြင်း၊ အနိုင်ကျင့်ခြင်းများကို၊ ဝိမုဉ္ဇန္တု – အလွတ်ရှောင်ကွင်း ကင်းရှင်းကြပါစေ။
တေသဗ္ဗေ – ထိုအလုံးစုံထဲရှိ လူသားအားလုံးတို့သည်၊ ဣဓပစ္စက္ခာယံ – ဤဘဝအတွင်း၊ ဤသာသနာတွင်း၌ဖြစ်စေ၊ အပစ္စက္ခာယံ – သာသနာကွယ်ပ အလှူခံပုဂ္ဂိုလ်ကောင်းများ မရချိန်များ၌ဖြစ်စေ၊ ဘုဉ္စာယ – ကာမဘဝ ဌာနနှစ်တန် ခံစားစံစားနိုင်ရန်၊ ကုသလာ – အပြစ်မရှိခြင်း၊ ကောင်းကျိုး ကိုသာ ပေးခြင်း လက္ခဏာရှိကုန်သော၊ သုဂတာ – လူနတ် နိဗ္ဗာန် သုံးတန်သို့သွားရန် အလားအလာအပြည့်ရှိပါကုန် သေဋ္ဌာ – စိတ်ထားမြင့်မြတ် အရင့်ဇာတ်သို့သာ ရောက်စေ ပါကုန်သော၊ ဒါနာဒိကမ္မဗီဇကာပိ – ကောင်းမှုဖြစ်က ရက်ရောခြင်း၊ မကောင်းမှုဖြစ်က စောင့်စည်းပိတ်ဆို့ခြင်း အဆင့်မြင့်ဖြစ်ကာ ပွားများပေးခြင်း စသော ကံမျိုးစေ့များကို လည်း နိဒါပေန္တု – မြှုပ်နှံသိုမှီး ရနိုင်သမျှ ပွားစီးနိုင်ကြပါစေ။
တေသဗ္ဗေ နရေ – ထိုလူအားလုံးတို့သည်၊ နရဘာဝေ – လူ့ဘဝထဲ ရောက်ဆဲကာလတွင် (ဝါ) လူဖြစ်ဆဲကာလ ဝယ်၊ နရံစိတ္တံ ဟိံ နရံစိတ္တံ ဧဝ – လူစိတ်သက်သက်ကိုချည်း သာ၊ ကမ္မကတာ – ကိုယ်လှုပ်နှုတ်ဖွင့် စိတ်ဖြင့်ကြံစည်မိကြ လေတိုင်း၊ ပေါသေန္တု – မွေးမြူနိုင်ကြပါစေကုန်သတည်း..
စေတနာ – စွမ်းကြီးလောင်း
ဗတ္တိ – လက်ထဲရောက် ဝတ္ထုပစ္စည်းများကို၊ ဒါန – ပေးကမ်းစွန့်ကြဲလိုက်ခြင်း၊ ပတ္တိ – လက်ထဲရောက် စေတနာ ပစ္စည်းများကို၊ ဒါန – ဝေငှလိုက်ခြင်း၊ စာအလိုအားဖြင့် ပတ္တိဒါနဟူသည် အမျှဝေခြင်းပင်။
ထိုသို့ အမျှဝေရာတွင် မိမိပိုင် လက်ရမိ ဆွမ်း စသည့် ပစ္စည်းများကို လှူဒါန်းပေးကမ်းပြီးမှသာ ပြုလုပ်ကြရမြဲဖြစ်၏။
ပစ္စည်းဖြင့် စေတနာကို လဲကိုင်လိုက်ခြင်းတည်း။ တစ်ဖန်..
ထိုသို့ မိမိကိုင် လက်ရမိ စေတနာများကို စိတ်တွင်းဝယ်  ပီတိအားအားများ ကျဝေလာမှသာ အမျှဝေရမြဲဖြစ်၏။
အေးမြသွားကြသဖြင့် စိမ့်ထွက်လာသောစေတနာကို အဖက်ပေးလိုက်ခြင်းတည်း။
ထိုသို့ အမျှဝေရာတိုင်းတို့၌…
–    မိမိပြုခဲ့သည့် ကောင်းမှုများကိုလည်း အာရုံပြုရာ၏။
–    ပြုပြီးသော် ထိုကံကို အကြောင်းပြု၍ ဆုတောင်း မေတ္တာ ပို့သင့်ရပါ၏။
–    ပို့ပြီးသော မိမိနှင့် ဝေပုံကျ ထပ်တူရကြရအောင် အမျှ ဝေပေးကြရပါ၏။
ထိုသို့သော ဆုတောင်းမေတ္တာပို့ အမျှဝေကြရန်အတွက် ရေးစီရင်ထားကြသော စာများထဲတွင် အဋ္ဌကထာဆရာ အရှင်မဟာဗုဒ္ဓဃောသ၏ ယံ ပတ္တံ ကုသလံ တဿ အာနုဘာဝေန ပါဏိနော အစချီ ဂါထာတော်သည် အပြည့် စုံဆုံး အဓိပ္ပာအပြည့်စုံဆုံးတည်း။ သို့ကြောင့် ထိုဆုတောင်း သံများ တောမြို့မလပ် မြန်မာပြည်အရပ်ရပ် နှံ့စပ်၏။
ထိုဆုတောင်းသံများ ဗုဒ္ဓဘာသာထွန်းကားရာ တိုင်းပြည် တိုင်းလည်း နှံ့စပ်၏။
ဤဆုတောင်းမေတ္တာ အမျှဝေစာ ရေးသွင်းရခြင်း သည်..
အစားထိုးခြင်းမဟုတ်။ အသစ်ပေါ်ပေါက်လာသော ကိစ္စအတွက် ဖြည့်စွက်ပေးခြင်းသာ။ ခေတ်သည် သမရိုးကျ မှနေ နောက်ဆုတ် အောက်ဆင်း ဖြစ်လာနေ၏။
ထိုနောက်ပြန်ဆင်း ခေတ်နှင့်အတူ အလေ့ကျပေါက် ဝင်လာသည်များကလည်း အဓမ္မကာမ ခေတ်စားလာခြင်း၊ အဓမ္မဝါဒ ထွန်းကားလာခြင်းများနှင့်အတူ လူ၌ရှိအပ်သော အသိတရားများပါ ကွယ်ပလာနေကြပါ၏။ လူ့အသိတရား ဆိုသည်မှာ
–    လူကို လူကျင့်ခေါ် သီလက တာဝန်ခံ၏။
–    သီလကိုကား သရဏဂုံပွား သတိက တာဝန်ခံရပြန်၏။
ဤ လူကျင့်ကသာ ပြည့်ဖြိုးလာပါမူ-
–    အလိုကြီးဝင်မွှေလာသော် သတိက ဆီးကြိုဖျက်၊ လူသည် လူစိတ်သက်သက်သာ
–    မလိုမုန်းထားကြီးဝင်လာသော် သတိက ဆီးကြိုဖျက်၊ လူသည် လူစိတ်သက်သက်သာ။
ထိုလူစိတ်သည်
–    မကောင်းမှု ပြုကျင့်ရာ၌ လူဆန်ဆန် အရှက်ဝင်လာ စေ၏။
–    မကောင်းဒဏ် ပြန်လည်ခံရမည်ကိုလည်း လူဆန်ဆန် ကြောက်လာစေ၏။
ထိုနှင့်အတူ
–    လူလူချင်း ကိုယ်ချင်းစာ၊ အခြားသတ္တဝါအားလုံးတို့၌ပင် အမြင်မကွာ ဖြစ်လာစေ၏။
–    လူလူချင်း တန်းတူထား၊ အခြားသတ္တဝါအားလုံးကိုပါ သနားကြင်နာလာစေ၏။
ဤသည်သာ လူကျင့်ကပေးသော လူ့အသိတရား မည်၏။
ထိုလူ့အသိတရားထဲ၌ အကျိုးရှိ၊ အကျိုးမဲ့ ခွဲခြမ်းသိ အသိလည်း ပါ၏။
အပြစ်မဲ့ အပြစ်ရှိ ခွဲခြမ်းသိ အသိလည်း ပါ၏။
ထိုသို့ ဖြစ်လာမည့်အရေးကို ဤဆုတောင်းက မျှော်လင့် ၏။ ထိုသို့ဖြစ်ရန်မှာ –
–    မြန်မာတို့၏ မြန်မာများသည် ဤခေတ်ကြီးနှင့် အမှီပြု သည်ကို စူးစမ်းလေ့လာမှသာ
–    မြန်မာဝါဒီများသည် အများ မိုးခါးရေသောက် ကိုယ် လည်းသောက်ကို ဝေဖန်သုံးသပ်မှသာ
ဤစာစဉ်သည်..
–    မိမိတို့ ကောင်းမှုပြုပြီးတိုင်း ဆုတောင်းမေတ္တာ ပို့သကြ ရန် ရည်စူး၏။
–    မိမိတို့ ဆုတောင်းမေတ္တာပို့ပြီးတိုင်း အမျှပေးဝေကြရန် လည်း ရည်စူး၏။
သို့ကြောင့်
ဒါနပတ္တိ ဟူ၍ ကမ္ပည်းတပ်၏။
ဒါနပတ္တိ – ကောင်းမှုပြုပြီးနောက် လက်ပေါ်ရောက်ကို ဝေငှခြင်း။ ထိုစဉ်
–    ဝတ္ထုဒါနသည် ကျေးရွာဓလေ့အရ ခေါင်းခေါက်ဖိတ် ဖိတ်၍ ကျွေးမွေးခြင်း
–    စေတနာဒါနသည် စိုးဟစ်၍ ကျွေးမွေးပေးကမ်းလှူဒါန်း ခြင်း
သို့ဖြစ်ရာ
စေတနာဒါနတွင် အဝင်အပါဖြစ်သော မိမိလက်တွင်းရ စေတနာကို အမျှဝေခြင်းများသည် လာသမျှအပေါင်း ဝေး၊ နီး၊ ကွယ်၊ ခြား မည်သူ့မဆို ဆွမ်းကြီးလောင်းခြင်းတည်း။
၁၃၆၅ ခုနှစ်၊ တပို့တွဲလဆန်း ၆ ရက်နေ့။

ကောင်းသောခရီး ပြုပြီးစီးသော်
နိဋ္ဌံဂတံ ပုညံတဿ ဆန္ဒဗလေန စေတသာ
ကောင်းမှုဆိုသည်မှာ..
မိမိလည်းကောင်း၊ သူလည်းကောင်းစေသော ကောင်း နှစ်ကောင်းထပ် မြတ်ခြင်းတည်း။
ထိုကောင်းခြင်းကလည်း
အခုလည်းကောင်း၊ နောင်လည်းကောင်းစေသော အကျိုးရှိ အပြစ်မဲ့ အမျိုးအစားတည်း
ထိုအထဲတွင်
–    ဒါန၊ သီလ၊ ဘာဝနာ အစချီသော ပုÓကရိယဝတ္ထု ခေါ် ကောင်းမှုဖြစ်ကြောင်း ကရိယာတန်ဆာပလာကောင်း များလည်း ပါ၏။
–    အတ္တဟိတ၊ ပရဟိတ ခေါ် သူ့အကျိုးဆောင်ပေးရင်း ကိုယ့်အကျိုးအောင်လည်းပါ၏။
အလှူခံ၏အကျိုးဆောင်ရင်း ကိုယ်ကျိုးဖြစ်စေခြင်းများ-
–    ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ၊ မေတ္တာတို့ဖြင့် စိတ် စိတ်ချင်း ပွားပေးခြင်းလည်းပါ၏။
–    ပူချိန်၊ အေးချိန်၊ သမနွေးချိန်များ၌ သူ့နေရာ ကိုယ် အစားဝင်ပေးခြင်းများ
ကုန်ကုန်ပြောရလျှင်
ကိုယ်ကိုယ်တိုင် ဆာလွန်လွန်းကြ၍ ထမင်းစားသည် ပင်။
ဝမ်းတွင်းနေ မှီခိုပိုးလေးများသို့ မေတ္တာဝင် စေတနာ ပေးပို့ကာ ပိုးစာကျွေးအမှတ်ဖြင့် စားသုံးနေလျှင်ပင် ကောင်းမှု ပြု အရာဝင်တော့သည်သာ
ကောင်းဆိုးနှစ်တန်၏ တာဝန်ခံသည် စေတနာသာ ဖြစ်နေခြင်းကြောင့်။
ယနေ့ မြန်မာတို့၏ မြန်မာများသည် ကြင်နာရက်ရော ၏။ ဒုက္ခိတတွေ့က သနားကြခြင်း၊ သုခိတတွေ့က ဝမ်းမြောက်ကြ၊ အားပေးကြ၏။ ပုံမှန်တွေ့ ပုံမှန်ဓလေ့ဖြင့် ဆက်ဆံနေကြ၏။
ထိုမြင်ကွင်းများသည် စေတနာကောင်းများ စီးကြောင်း ပြေးနေခြင်းတည်း။
မြန်မာတိုင်းက ကံကိုယုံကြ၏။
ကောင်းတာလုပ် ကောင်းတာဖြစ်မည်၊ အဆိုးလုပ် အဆိုးဖြစ်မည်ဟူ၍..
မြန်မာတိုင်းက ပါရမီကို ခိုလှုံကြ၏။
လူ့ဘဝရောက်သခိုက် လူအရင်းအမြစ် စိုက်သွားကြ မည်ဟူ၍..
မြန်မာတိုင်းက ရှေးရှေ့ သူတော်ကောင်း ဖဝါးစ လိုက်ပါနင်းလိုကြ၏။
ဖြူစင်သောအရိယာတို့ဘဝ ငါလည်းပဲ တစ်နေ့နေ့ ရောက်ရမည်ဟူ၍..
ထိုမြန်မာ၊ ဤမြန်မာများ..
သူတော်ကောင်းကြီးများ ကျက်စားသော ကောင်းမှုကြား အမြဲသွားလာနေကြပြီ။
–    အချို့ အလှူပေးခြင်းဖြင့် သွားလာနေကြပါသည်။
–    အချို့ ဥပုသ်ဆောင် ဝင်ခြင်းဖြင့် သွားလာနေကြပါ သည်။
–    အချို့ ကမ္မဋ္ဌာန်းထိုင်ခြင်းဖြင့် သွားလာနေကြပါသည်။
–    အချို့ ဝေယျာဝစ္စမှု ပြုလုပ်ခြင်းဖြင့်ပင် သွားလာနေကြ ပါသည်
မြန်မာတို့ မသွားဖြစ်သောနေ့ မရှိ။ မသွားဖြစ်ချိန်လည်း မရှိကြပါ။
ပိုက်ဆံပေးပြီး တန်ရာတန်ကြေးပစ္စည်းများ တောင်းယူ ပါ။
ကုန်စုံဆိုင်အတွင်း ဝင်ရောက်ဈေးဝယ်သူ ငွေပေးပြီး လိုသောပစ္စည်းလည်း နှုတ်ဖွင့်တောင်းမှ ဆိုင်ရှင်က ကုန် ပစ္စည်းဓန လက်ကျ ချပေးသည်ပမာ။
–    ကောင်းမှုပြုပြီးတိုင်းလည်း မိမိအတွက် ဆုတောင်းရ စမြဲ။
–    မိမိအတွက် ဆုတောင်းပြီးတိုင်းလည်း သူတစ်ပါးတို့ အတွက် အမျှဝေပေးရစမြဲ။
ထိုအမူအကျင့်များသည်…
(က)    ကောင်းမှုခရီး ပြီးစီးပြီးမှ ပြုကျင့်ခွင့်ရ၏။ နိဋ္ဌံဂတံ ပုညံ တဿ – ထိုအမူအကျင့်များသည်..
(ခ)    စေတနာအခံထားသော ဆန္ဒအားကြီးမှသာ ပြုကျင့် ခွင့်ရ၏။ ဆန္ဒဗလေန စေတသာ – စင်စစ်၊ ထိုအမူ အကျင့်များသည်..
ကိုယ်ကျိုးကို အများသို့ပေးဆက်၍ အများဖြင့် ကိုယ်ကျိုး ထွက်စေသော အစဉ်လာကောင်းများတည်း။
အရှင်အနုရုဒ္ဓါက သည်လိုလုပ်ဖို့ မှာသွားပါသည်။
အမျှဒါန ပေးဝေငှရာ၌..
–    မိမိအကျိုးလည်း ပါပါသည်
–    သူတကာအကျိုးလည်း ပါပါသည်
ထိုစဉ်
(က)    လူမှန်လျှင် အမှုဖြစ်မြဲ။ ကောင်းမှု၊ ဆိုးမှုသာ ကွာသည်။ အမှုမဖြစ်ချိန်ဟူ၍ မရှိ။
(ခ)    အမှုဖြစ်တိုင်းလည်း သက်သေပါရမြဲ။ သက်မဲ့၊ သက်ရှိ နှစ်မိ။
ဆိုပါစို့…
ကာမမှုပွေ ထိုလူ့ကြောင့် ဓားခုတ်မှုတစ်မှု။
ထိုအခါ ထိုအမှုကား တစ်ဖက်အားသာမှုကြောင့် တစ်ဖက်ခမျာ သေပွဲဝင်သွားရရှာရာ
ရန်ဖြစ်ကြသည်ကား နှစ်ဖက်တွင်းသို့ ဒေါသမာန် အချင်းချင်း။
ခံလိုက်ရသည်ကား လူဖြစ်နေချေရာ မတရားမှု မြောက် သွားပြီ။ တစ်ဖန်..
–    ကိုယ်ကို တို့ဆွပေးနေသည်ကား မခံချင် ယှဉ်ပြိုင်စိတ် ဒေါသမာန အာဃာတ
–    မခံချင်၍ သွားသတ်မိသည်က တစ်ဖက်သားဖြစ်နေချေ ရာ မတရားအရာ ဝင်သွားပြီ။ တစ်ဖန်လည်း..
ကိုယ့်ဒေါသ တစ်ချက် မထိန်းနိုင်သဖြင့် တစ်ဖက်မှာ တစ်ဘဝ ဆုံးရှုံးသွားရပြီ။ မတရား အရာဝင်သွားပြီ။ ထိုသို့ အမှုဖြစ်ခဲ့ရာ၌..
(က)    အမှုကြားက ဓားကိုလည်း သက်သေအရာ ထားရပါ မည်။
(ခ)    အမှုဖြစ်စဉ်က မြင်သူများကိုလည်း သက်သေအရာ ထားရပါသည်။
ထိုအမှု မည်သို့မျှ ငြင်းမရအောင် ခိုင်လုံသွားတော့ သည်ပမာ။
ဤ၌လည်း
(၁)    အလှူရှင်(ကောင်းမှုရှင်)သည် အမှုလွန်ကျူးသူတည်း။
(၂)    အလှူခံပရိသတ်များသည် တန်းစီအခုတ်ခံလိုက်ရသူ များတည်း။
(၃)    အလှူဝင်ပစ္စည်းများသည် လွန်ကျူးရာ၌အသုံးပြုသော လက်နက်တည်း။
ထိုစဉ်..
အမှုလွန်ကျူးသူကပင် မိမိအပြု ဖြောင့်ချက်ပေးလည်း ဖြစ်၊ အမှုထင်ရှားအောင် စစ်ချက်ပေးပြီးလည်းဖြစ်၊ ထောင် နန်းစံဖြစ်အောင် စီရင်ချက်ချပြီးလည်းဖြစ်စေရန် အမျှဝေ ခြင်းဖြင့် သက်သေတင်၏။ သက်သေကား..
အချို့လူ၊ အချို့ခုတ် နှစ်မျိုးတည်း။
၁။    ထိုသို့ သက်သေတင်ထားခြင်းကြောင့်ပင် အလောင်း တော်သည် ဘုရားဖြစ်ခါနီး ဗောဓိပင်အောက်တွင် သူ့အပင် ငါ့အပင်၊ သူပိုင်သည် ငါပိုင်သည်ဖြင့် မာရန်နတ်နှင့် အငြင်း ပွားရစဉ်
သူရေစင်သွန်းချ အမျှဝေခဲ့သည့်မြေအား သက်သေ အရာထား စကားဆို၏။ ထိုအခါ ရေစင်ဝင်မြေက မြေမှုန်နှင့် အမျှ သက်သေလိုက်ပေးခဲ့ရပြီ။
ဤကား မိမိအကျိုး။
တစ်ဖန် မိမိအလှူမျှအား သာဓုစကား ခေါ်ဆိုထားကြ သော လူပရိသတ်ကလည်း မိမိဖြစ်ရာဘဝနှင့် ဘဝချင်းစပ် ထက်ချပ်မကွ ဖြစ်လာတတ်ကြပြီး..
–    မိမိ ဈေးဆိုင်တည်က သာဓုခံသမားများက ဈေးဝယ် သမားများ..
–    မိမိ အလုပ်ရုံတည်က သာဓုခံသမားများက ဖောက် သည်များ..
–    မိမိ လူထုခေါင်းဆောင်ဖြစ်က သာဓုခံသမားများက အားပေးထောက်ခံများ.. စသည်
မိမိ ဘဝတည်ဆောက်မှုနောက် အားပေးနောက် ထောက်ဖြစ်စေကြပါပြီ။
ဤသည်လည်း မိမိအကျိုး။
၂။    တစ်ဖန် သူတစ်ပါးအကျိုးအဖြစ်လည်း ဤအမျှက အကျိုးပြုပေးနေပါ၏။ သို့စဉ်
(က)    အချို့ လှူလိုသောစေတနာရှိ၏။ ဝတ္ထုပစ္စည်း မပြည့်စုံ၍ စေတနာမမြောက်။
(ခ)    အချို့ ဝတ္ထုပစ္စည်းကား ပြည့်၏။ လှူလိုစိတ်ကား မရှိ၍ စေတနာမမြောက်။
(ဂ)    အချို့ စေတနာဝတ္ထု နှစ်ခုရှိ၏။ လူ့ဘဝမဟုတ် တော့၍ စေတနာမမြောက်။
ထိုအားလုံးတို့သို့..
(က)    မိမိမပြည့်စုံခင်က ဘဝဖြစ်စဉ်များနှင့် ကိုယ်ချင်းချင်း ချင့်စာ
(ခ)    မိမိ ပြည့်စုံချိန် ယခုဘဝနှင့် သူတို့ဘဝ အဆင့်တူ တန်းတူအဖြစ်ထား မေတ္တာပွား
ဤစေတနာထား နှစ်ပါးဖြင့်
–    ကိုယ့်အကျင့်(သီလ) ကိုယ်ပြန်ဆင်ခြင်
–    ကိုယ်ပြုခဲ့သော ကိုယ့်ကောင်းမှု ပြန်လည်အာရုံပြု
ပြီးသော်..
လှိုက်လှဲဝမ်းမြောက်သော ပီတိလှိုင်းတို့ဖြင့် အတိုင်း အဆမရှိ အဝေးအနီးဆီသို့
–    ယနေ့ ယခု အကျွန်ုပ်ပြုခဲ့ရသမျှ ဤပုညကို (ဤ၌ မိမိ ပြုပြီးကောင်းမှု အာရုံပြုပါ)
–    အားလုံး ကြားကြားသမျှ အမျှ-အမျှ-အမျှ ယူတော်မူ ကြပါ
–    အားလုံး ကြားကြားသမျှ အမျှ-အမျှ-အမျှ ယူတော်မူ ကြပါ
–    အားလုံး ကြားကြားသမျှ အမျှ-အမျှ-အမျှ ယူတော်မူ ကြပါ
သုံးကြိမ်သုံးခါတိတိ ဝေလှူငှ ပေးလိုက်ပါ။
ဤ၌
သုံးကြိမ်မျှ သုံးခါဟစ် ဝေငှ ပေးကမ်းရခြင်းမှာ..
အမျှဝေမှ ကျွတ်တမ်းရကြမည့် ဗိမ္မိသာရမင်းကြီး၏ ဆွေတော်မျိုးတော်များပမာ အမျှဝေကို စောင့်မျှော်နေသော အဝေးရောက်ဘဝ ကံဆိုးရှင်များကား အများအစားဆို၏။ ထိုစဉ်
အနီးနေများကား သုံးကြိမ်အော် တစ်ခါမှာဖြင့်ပင် အပြီးရသွားကြသော်လည်း အဝေးနေတို့မှာမူကား အချို ကြားမှပြေးလာကြရရာ တစ်ကြိမ်မှ နှစ်ကြိမ်၊ နှစ်ကြိမ်မှ သုံးကြိမ်ကျလေမှ မီသည်ဆို၏။ သို့ကြောင့်..
အမျှဒါန ဝေငှတိုင်း သုံးကြိမ်မျှကို သုံးချကျအထိ ဟစ်ပို့ကြရမြဲ။
ဤ၌
အမျှဝေသည်ကို သာဓုခေါ်ရာမှ ကျွတ်သွားသည့် ဖြစ်ရပ်တစ်ခု
ဖုဿဘုရားရှင်လက်ထက်တော်ကာလက ဘုရင့် ဘဏ္ဍာစိုး ဖြစ်ခဲ့ဖူးသူသည် ယခုအခါ ဗိမ္မိသာရမင်းကြီးဖြစ် လာပြီး ထိုစဉ်က ဘုရင် မဟိန္ဒ၏ သားတော်သုံးဦးတို့ နောင် တောင် ဖုဿဘုရားရှင်၏ အရိပ်ဝယ် ဝါတွင်းသုံးလပတ်လုံး ဖန်ရည်စွန်း သစ်ခေါက်ဆိုးအဝတ် ဆင်မြန်းကြကာ ဥပုသ် ဆောင်ဝင်နေချိန် ဘဏ္ဍာစိုးကား ဖုဿဘုရား အမှူးပြုသော သံဃာများအတွက် ဆွမ်းကွမ်းချက်ပြုတ်လျက် ဆွမ်းဒါန ပြုလုပ်ပေးရရာ
ဘဏ္ဍာစိုး၏ နှစ်သောင်းလေးထောင် ဆေမျိုးအခိုင်း အဝေများက မလှူမီကပင် လှူရန် ချက်ပြုတ်နေသော အစာများအား ခူးခပ်စားသုံးမိကြ၏။ သေကာလ – အားလုံး ပြိတ္တာဖြစ်ကြ၏။
ထိုပြိတ္တာများ..
ထိုဖုဿဘုရားမှ ဤ ဂေါတမဘုရားလက်ထက်တိုင် အောင်လျှင် အစာမစားကြရပြီ။ သို့ကြောင့် ဤရှင်တော် ဂေါတမ ရာဇဂြိုဟ်သို့ြ<ွကလာခါစ၏ ပထမဆုံးသော ဗိမ္မိသာရမင်းကြီး၏ ဆွမ်းကျွေးပြီးစညတွင်
နန်းရင်ပြင်တစ်ခုလုံး အသံဆိုးများဖြင့် အုံးအုံြး<ွကက်စေ ခဲ့ပြီ။ ယင်းကို ဘုရားရှင်အား လျှောက်ထားရာ ဤဖြစ်ရပ် နောက်ခံ ဟောကြား၍ အမျှဝေငှရန် မိန့်တော်မူ၏။ ဘုရင် ဗိမ္မိသာရလည်း နောက်ညတွင် ဆက်ဆက်အမျှဝေ၏။ ထိုစဉ်လည်း..
သာဓုသံများ သောသောညံသွားတော့ကာ ပကတိ တိတ်ဆိတ်သွားချေပြီ။
–    အချို့ ယခင်ကပါခဲ့သောကံနှင့် ယခု သာဓုခံအတိုင်း ဤလူဘုံသို့ သွားခွင့်ရသွားခဲ့ကြပြီ။
–    အချို့ ယခင်နှင့်ယခု သာဓုခံအတိုင်း ထိုနတ်ဘုံများသို့ သွားခွင့်ရသွားကြပြီ။
–    သာဓုသည်
–    သူပြုကို စေတနာချင်းပေါင်းစပ်ပေးပြီး ကိုင်းကူးကိုင်း ဆက် စိုက်ပျိုးနည်းပမာ အကောင်းကူးယူနိုင်ရာ မလှူဘဲ တန်း၊ မထမ်းဘဲ ပန်းဝင် တည်း။
ဤသည်မှာ သူတစ်ပါးတို့အကျိုး။
တစ်ဖန်လည်း
မိမိ အမျှဝေရာသို့ ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်သူ များ..
ယင်းတို့လည်း မိမိနှင့် ထပ်တူ ထပ်ကျ ဝေပုံကျ အကျိုးဖလ ရကြသူချည်း ဖြစ်ကြတော့ရာ..
(က)    မိမိနတ်ပြည်ရောက်က သူတို့လည်း နတ်သား၊ နတ် သမီးများ နတ်လိုခံစား။
(ခ)    မိမိလူဘဝရရှိပါက သူတို့လည်း လူသား၊ လူသမီးများ လူလိုပင်ခံစား။
သည့်အတူ
ထိုနတ် ထိုလူတွင်မှ သူဌေးဖြစ်လည်းအတူတူ၊ ဘုရင် ဖြစ်လည်းအတူ။ ဘာမဆို ကံတူအကျိုးပေး လက်ရေ တပြင်စီး အခွင့်ရေးချည်းသာ။
ထို၌လည်း
ဘုရားရှင် ပရိနိဗ္ဗာန်ပြီးနောက် အနှစ်သုံးရာလောက်က အလှူရှင်က နိဂြောဓသာမဏေ ရဟန္တာ(သီရိဓမ္မာသောက မင်းကြီး၏ နောင်တော့်သားဆို၏) သာဓုခေါ်သမား နှစ်ဦး တွင်
–    တစ်ဦးသာ သီဟိုဠ်မှာ ဒေဝါနံပီယ တိဿမင်းကြီး ဖြစ်လာပြီး
–    တစ်ဦးကလည်း အိန္ဒိယမှာ သီရိဓမ္မာသောကမင်းကြီး ဖြစ်လာသည်။
သာဓုခေါ်အကျိုး ထိုသူများက မော်ကွန်းထိုးခဲ့ပြီ။
ဖြစ်ပုံမှာ..
တစ်ခါက ယင်းတို့သည် ညီအစ်ကိုသုံးယောက် တော်စပ် ခဲ့ကြပြီး တစ်ယောက်သူက လမ်းသွားကြုံ ပစ္စေကအား ပျားရည်လှူသည်ဆို၏။
ထိုသူ လှူပြီးနောက် သွားနှင့်ပြီးများ အမီလိုက်သွားရာ မီသည်နှင့် အလှူအကြောင်းပြောပြ၏။ အားကျသဖြင့် တစ်ဆင့် အမျှပေးလှူရန် တိုက်တွန်းကြ၏။ သို့ကြောင့်..
စေတနာ ဒါန အဖြစ် အမျှပေးဝေလိုက်ရာ
နှစ်ဦးစလုံး သံပြိုင်သာဓုဖြင့် ရယူလိုက်ကြသည်။ ထိုဆုကား လူဖြစ်လည်း အတူတူ၊ နတ်ဖြစ်လည်း အတူတူ၊ ဘုရင်အထိ တူမြဲပင်။
ဤ၌ အထူးသတိပြုရန်မှာ
–    စေတနာအမျှ ဒါနခမ်း ချသူဘက်ကလည်း
ထုံးစံမို့ အသံညှစ်ထုတ် နမူး နထူး မလုပ်မိရန်တည်း။
–    သာဓုခေါ်သမးများ ဘက်ကလည်း
ပွဲပြီး ပြီးရောဆိုပြီး သံပြိုင်သာဓုမခေါ်ဆိုမိစေရန်တည်း။
–    စေတနာသည် မျိုးဖြစ်ဝတ်ဆံ ဆိုသည်ကို သတိပြုပါ။
–    စေတနာသည် အဆံပြည့်မှ အကျိုးပြည့်မည်ကိုလည်း သတိပြုပေးပါ။
တစ်ဖက်ကလည်း တကယ်မျှလို့ စိတ်စေတနာနှင့် ပီတိရှိန်အရင်းရှိရသည်။
တစ်ဖက်ကလည်း လှိုက်လှဲအားကျ မုဒိတာကံအထနှင့် ပီတိပြန် အခံရှိရသည်။ သို့မှသာ
ဓာတ် ဓာတ်ချင်းကူး၊ အကျိုးထူးရှင်သန်ခွင့် ရပါသည်။
ထိုသို့
အကျိုးထူးတရား ရသွားကြသူထဲတွင်
အနုရုဒ္ဓါလောင်းလျာနှင့် သုမန သာမဏေလောင်းလျာ များလည်း တစ်ခုအပါအဝင် ဖြစ်ခဲ့ကြပါသည်။ သည့်အတူ သုခသာမဏေလောင်းလျာနှင့် ဂန္ဓသူဌေးများလည်း ပါပါ သည်။
ထိုစဉ်
အရှင်အနုရုဒ္ဓါလောင်းလျာသည် တစ်ချိန်က ဆင်းရဲ သား အဇ္ဇဘာရ (ထမင်းဖြင့် ဝန်ထမ်းနေရသူ)ဖြစ်ခဲ့ဖူးပါ သည်။ သခင်ကား သုမနသူဌေးကြီး..
ထိုအဇ္ဇဘာရသည်
ဗာရာဏသီပြည် သုမနသူဌေးကြီးထံတွင် ထမင်းပေး ကျွန်ခံဘဝဖြင့် နေထိုင်ရပြီး မြက်ရိတ်အလုပ် ထမ်းဆောင် ရပါသည်။ နေအိမ်အဖြစ်ကား သုမနသူဌေးကြီး နေအိမ် နောက်ဖေး တဲကလေးသာ။
တစ်နေ့ ထို အဇ္ဇဘာရ မြက်ရိတ်ကအပြန် လမ်းမှာပင် ဂန္ဓမဒနတောင်မြှ<ွကလာသော နိရောဓသမာပတ်မှထစ ဥပရိဋ္ဌိ ပစ္စေကအား တွေ့ရာ ခေတ္တမျှ စောင့်တော်မူပါရန် ပန်ကြားခဲ့ပြီး အိမ်သို့ပြေး၏။ ဇနီးသည်ထံမှ မိမိအဖို့ ဆွမ်း ထမင်းရှိမရှိ မေးပြီး ရှိကြောင်းသိရသဖြင့်
–    ငါ့၌ လှူစရာရှိချိန် အလှူခံမကြုံသဖြင့် တစ်ခါဖူးမျှ မလှူခဲ့ရစဖူးသေး။
–    ငါ့၌ အလှူကြုံလျက် လှူစရာမရှိဖြစ်နေ၍လည်း တစ်ခါဖူးမှ မလှူခဲ့ရဖူးသေး
ယနေ့သော် အလှူခံနှင့်ဝတ္ထုစုံ ကြုံနေချေပြီ။ လှူအံ့။
သို့ကြံစည်ကာ ပစ္စေကထံ ပြန်လည်၍ သပိတ်တော် အားယူ၏။ အိမ်ပင့်၏။ ရောက်သည်နှင့် မိမိဝေစုအားလုံး အရှင်အား သိမ်းကြုံးလှူလိုက်ပြီ။ လှူပြီးနောက် ဤလို ဤသို့ လည်း ဆုကြီးတောင်းလိုက်သည်။
အရှင်မြတ်ဘုရား..
–    ဤနေ့  ဤရက် ဤအချိန်ခါမှစ၍ မရှိစကား နားမျှ လေသံ မကြားရပါလို၏ဘုရား
–    ဤနေ့ ဤရက် ဤချိန်ခါမှစ၍ ဆင်းရဲအားလုံး ချုပ်ဆုံး ရပါလို၏ဘုရား
ဥပရိဋ္ဌ ပစ္စေကအရှင်ကလည်း ပြည့်စေဖြင့်ပင် အရှိန် မြှင့်တင်ပေးခဲ့ပါသည်။
ထိုစဉ်
သုမနသူဌေးကြီး၏ ဘုံနန်းပြသာဒ်၌ ထီးစောင့်နတ်သမီး က ဝမ်းမြောက်လွန်းခြင်း အထိမ်းအမှတ် သာဓုသုံးကြိမ် ထပ်၍ခေါ်လိုက်ရာ
အလို နတ်သမီး၊ ငါ အလှူကြီးများပေးနေသည်မှာ ကြာလှပေါ့။
သင် အခုမှ သာဓုခေါ်ပုံထောက်တော့ အိပ်ပျော်နေ သလား မသိ။
ဤသို့လျှင် သုမနသူဌေးကြီးက နတ်သမီးအား လှမ်း အပြစ်တင်ပါသည်။
မဟုတ်လိုက်လေ သူဌေးကြီး။ ငါသာဓုခေါ်တာ သင့် အလှူမဟုတ်။ သင့်အိမ်နောက်ဖေးရှိ ဆင်းရဲသား အဇ္ဇာဘာရ ၏အလှူကို။
ထိုအခါ
သုမနသူဌေးကြီး ဝမ်းသာအားရဖြင့် ဆင်းရဲသားအား ခေါ်မေးရာ လှူမိပါကြောင်းဖြေ၏။ သို့ကြောင့်
–    ထိုအလှူ အသပြာတစ်ရာဖြင့်ရောင်းရန် အရေးဆို၏။ မရောင်း။
–    သည်လိုဆို ငါးရာ.. မရောင်း
–    ကဲ နောက်ဆုံး တစ်ထောင်.. မရောင်း။ သို့နှင့်
ကဲ ရှိစေတော့..အမောင့်အလှူကို မရောင်းလိုက နေပါတော့။
အမောင်လှူထားတဲ့အလှူ စေတနာအမျှလောက်တော့ တစ်ထောင်ပေးခေါ်ပါရစေ။
သုမနသူဌေးကြီး၏ ထိုတောင်းပန်ချက်
ဆင်းရဲသား အဇ္ဇဘာရ ငွေတစ်ထောင်လည်းမက် အလှူလည်း မပျက်ရဲသဖြင့် အမျှဝေငှလိုရာ ပစ္စေကနောက် သို့လိုက်၍ လျှောက်ကြားရပြန်၏။
အရှင်ဘုရား။ သူဌေးမင်းက တပည့်တော်အလှူကို ငွေတစ်ထောင်ပေး၍ စေတနာချင်းမျှရန် ပြောနေပါ၏။ အမျှ ပေးဝေလိုက်လျှင် လျှော့များသွားသလားဘုရား။
ဒကာ။ ဆီမီးတစ်တိုင်က မီး ဘယ်သူ ဘယ်လောက် ကူးကူး ကူးသမျှ အလင်းပိုတောက်ပသည်သာရှိဘိသို့
သင် အမျှ ဘယ်လောက်ဝေဝေ သင့်စေတနာကား အမြစ်ပျက်မသွားသည့်အပြင် တိုးဖို့သာရှိချေသည်။ သို့နှင့်-
အရှင်ထံမှ ပြန်လာကာ သုမနသူဌေးကြီးအား အမျှ ပေးဝေ၏။
အမျှ-အမျှ-အမျှ/ သာဓု-သာဓု-သာဓု..သူလဲရ၊ ကိုယ်လဲစုမိကြ၏။
–    သို့နှင့် သတင်းစကား ကြားသမျှက လာရောက် မျှဆောင်စေ၏။
–    သို့နှင့် တစ်ပြည်လုံးက လာရောက်သာဓုခေါ် အမျှ ကောက် ကြားပေါက်ကြ၏။
–    သို့နှင့် ဘုရင်ကပါ ချီးမြှောက်။ နေ့ချင်းကြီး သူဌေးဘဝ ရောက်တော့သည်။
ယင်းကို ထုံးကောင်းအရာထား၍ ယနေ့ သာသနာ ထွန်းကားရာဒေသများ၌ အလှူဖိတ်၊ အကူဝင် အမျှဖြင့် အလှူဒကာ ဝင်ခံကြခြင်းတည်း။
နောက်တစ်တွဲကား သုခသာမဏေနှင့် ဂန္ဓသူဌေး
ယင်းတို့ကား တစ်ဦးကတောမှာ၊ တစ်ဦးက ဗာရာဏသီ မြို့တော်မှာ။
ထိုစဉ်
မြို့ပေါ်နေ ဂန္ဓသူဌေးသားသည် မိဘများထားရစ်ခဲ့ရ သော ရွှေဘဏ္ဍာ၊ ငွေဘဏ္ဍာ စသည်များကြည့်၍ သူ့လက် ထက် အပါယူသွားရန် ကြံ၏။
ယင်းကား အခြားမဟုတ်။
သူကြိုက်သော အစားအစာဖြင့် အသားပါအောင် ယူသွားလိုခြင်းတည်း။
သူကြိုက်သော အြ<ွကားအဝါဖြင့် အားပါအောင် ယူပြ လိုခြင်းတည်း။
သူသေ သူ့အသားပါခန္ဓာကြီး ထားခဲ့ရမည်ကို မသိရှာပေ။
သို့နှင့် တစ်နေ့ မိမိတိုက်ပေါ်တွင် အသပြာတစ်ထောင် တန်သော ချိုးရေအဝတ်အစား အသုံးဆောင်ခွက်မှသည် အသပြာတစ်ထောင်တန်သော ထမင်းအဖျော်များထိ လူအများအား အသိပေးစားပြရာ တောမှ ထင်းရောင်းလာ သော ဆင်းရဲသားက ကြည့်ရင်း အားမရ သွားရည်ကျလာ၏။ မနေနိုင် မထိုင်နိုင်ဖြစ်လာ၏။
လူအားလုံးလည်း လမ်းပေါ်မှနေ သူ့ထက်ငါ ခုံအဆင့် ဆင့်တို့ဖြင့် မျှော်ကြည့်ရင်းက လေနှင့်အတူပါလာသော ထမင်းဟင်းများအနံ့ကြောင့် မနေနိုင်သလောက်ပင်။
ထိုစဉ်
အများထက်ကဲသော ထိုဆင်းရဲသားက သူငယ်ချင်း အကူဖြင့် တစ်လုပ်မျှ မျှတောင်းခံရာ ဂန္ဓသူဌေးကား တုတ် တုတ်မျှမလှုပ်။
သို့ကြောင့် လေးကြိမ်မြောက်တွင်
သူဌေးကြီးခင်ဗျား။ အကျွန်ုပ်၏ သူငယ်ချင်းသည် သူဌေးကြီးထမင်းမှ စားခွင့်မရ သေရပါတော့မည်။ သို့ကြောင့်
တစ်လုပ်စာမျှ မျှပါ သူဌေးကြီးခင်ဗျား။
ထိုစကားကြောင့် သူဌေးကြီး အသံလာရာဘက် ခေါင်း မော်ကြည့်လိုက်၏။ ပြီးလျှင်
ငါ့ဆီ သုံးနှစ်ကျွန်ခံ၊ ဤငါစားသလို ကျွေးမည်။
လှမ်းအော်ပြောလိုက်၏။ သူဌေးက..
စိမ်လိုက် သူဌေးမင်း။ လှမ်းအော်အတို့ခံလိုက်၏။ တောသားက..
သို့နှင့်
ထမင်းတစ်ထပ်ဝန် သုံးနှစ်တိတိ ကျွန်ခံသောကြောင့် သူ့အမည်အား ဘတ္တဘဋိက (ထမင်းသာ အဖိုးစားနာရှိသော ကျွန်) မှည့်ပေးကြလေ၏။
သုံးနှစ်စေ့ပြီ။ လမ်းဆုံ လမ်းမပေါ်တွင် အသပြာ တစ်သိန်းထိုက် မဏ္ဍပ်မှသည် အသပြာတစ်သိန်းထိုက် ထမင်းတိုင်အောင် ကတိအတိုင်း ပြင်ဆင်ကျွေးမွေး၏။ ထိုစဉ်
ရေချိုးအဝတ်လဲပြီးပြီ။ တစ်သိန်းတန် ခင်းနှီးကြီးအပေါ် လည်းထိုင်ပြီးပြီ။ တစ်သိန်းတန် ထမင်း စားသုံးရန် ရွှေခွက် အဖုံးကြီးလည်း ဖွင့်လိုက်ပြီ။
ဂန္တမဒနတောင်နေ နိရောဓာသမာပတ်မှထပြီးစ ပစ္စေကအရှင်ကြီးသည်လည်း သပိတ်တော်ပိုက်လျက်က ဘတ္တဘဋိကရှေ့ ချက်ချင်းကြီး ဆိုက်လာပြီ။
ထိုအခါ ဘတ္တဘဋိကသည် အရှင်အား မော့ကြည့် လိုက်၏။ ထိုစဉ် ရုတ်တရက် အတွေးဝင်လာ၏။ ငါ သုံးနှစ် ကျွန်ခံပြီးမှရလာသော ဤထမင်း..ငါ အခုစား အခု ချက်ချင်းကုန်ပါအံ့။
အကယ်၍များ ငါမစားဘဲ ဤအရှင်အား လှူရပါမူ ကား အကျိုးမဆုံး မျိုးမတုံးဖြစ်တော့အံ့။ သို့ကြံရွယ်ကာ ချက်ချင်းထလှူလိုက်၏။ တစ်ဝက်လောက် ရောက်သော် အရှင်က လက်ကာပြလိုက်ရာ
အရှင်မြတ်ဘုရား..
တပည့်တော်အား တစ်ဘဝစာ တစ်ခဏစာလေးမျှ ချီးမြှောက်တော်မမူပါနှင့်။ တစ်သက်စာမျှမက သံသရာ တစ်ဖက်စာအထိ ချီးမြှောက်တော်မူပါဦးဘုရား။ သို့နှင့် အရှင်လည်း လက်ကာ လက်ထုတ် ရုပ်လိုက်သည်။ သို့နှင့် ဘတ္တဘဋိကလည်း အလှူခံကြုံ အကုန်လောင်းလိုက်သည်။
လူအားလုံး အုံးအုံးကျွက်ကျွက်ဖြစ်ကြပြီ။
ငတ်တုန်းကလည်း သူ့အပြင် နှစ်ယောက်မရှိလူပဲ။
ပြတ်မယ့်ပြတ်တော့လည်း သူ့အပြင် နှစ်ယောက်မရှိ လူပဲ။ ထိုစဉ်
ထိုဘတ္တဘဋိက ဆုတောင်း၏။ ဆုရမှ အမျှဝေနိုင်မည်။
–    ဘုရားတပည့်တော် ဤကောင်းမှုကြောင့် ဖြစ်လေရာရာ ဘဝတိုင်း
–    မရှိစကား နားမှလေသံ မကြားရပါလို၏
–    ဆင်းရဲသားဘဝမျိုးမှ လွတ်မြောက်ရပါလို၏။
ထိုသို့
–    မရှိမကြား ဆင်းရဲသားမဖြစ်ချိန်
–    အရှင်ဘုရားများ ကျင့်သလို ကျင့်၍
–    အရှင်ဘုရားများ သိသလိုပင် သိရပါစေသား အရှင် မြတ်ဘုရား။
ထိုစဉ်လည်း အားလုံး သာဓုခေါ်ကြသည်။
အရှင်မြတ်ကလည်း ပြည့်စေဖြင့်ပင် စေတနာစဉ်အား အရှိန်မြှင့်တင်ပေးထားခဲ့ပြီ။ ထို့နောက် ပစ္စေကအရှင်မြတ် သည်
ငါအား
လူအများ ဂန္ဓမဒနတောင်အရောက် မြင်စေသတည်း။
ဤသို့ အဓိဋ္ဌာန်လျက်က ကောင်းကင်ခရီးဖြင့် တက်ြ<ွကြ<ွကသွားရာ ထိုအခါလည်း လူအားလုံး အုံးအုံးကျွက်ကျွက် ပွက်ဆူ ကျန်ရစ်ခဲ့ပြီ။
ထိုစဉ် ဂန္ဓသူဌေးသည် အသံများ နားထောင်ရင်းက အင်း..ငါပေးသော အရိုက်အရာနှင့် ဆင်းရဲသား မတန် မရာဖြစ်နေ၍ထင့်။
သို့ အတွေးပေါက်ကာ အစေခံများအား သွားကြည့် စေ၏။ ထိုအခါ
–    မြင်ကွင်းကား ပစ္စေကအရှင်ြ<ွကနေသည်ကလည်း အထင်းသား
–    ဤသပိတ်မှ ပစ္စေငါးရာ၏သပိတ်များသို့ ဝေငှနေသည် ကလည်း အထင်းသား
–    ဂန္ဓမဒနတောင်၌ ပစ္စေကအရှင်များ ဆွမ်းစားနေသည် များကလည်း အထင်းသား
ဤအထင်းသား သုံးမျိုးတို့နှင့် ပက်ပင်းတိုး တိုးမိကြ သော အစေခံများသည် သူဌေးထံ ပြန်ပြေးကြပြီး သတင်း ပို့ရာ..
–    ဂန္ဓသူဌေး ဝမ်းသာအားရစွာဖြင့် အသပြာတစ်ထောင် ပေး၍ သာဓုခေါ်၏။
–    အားလုံးတို့လည်း အသပြာပေး၍ သာဓုခေါ်ကြ၏။
–    ဘတ္တဘဋိကာလည်း သူဌေးရာထူး ရတော့၏။
ထို့မှနောက်
–    အမျှဝေ သာဓုခေါ်သမား
–    ဘတ္တဘဋိကနှင့် ဂန္ဓသူဌေးတို့သည် ကဿပဘုရား သာသနာနှင့် ဤဂေါတမသာသနာအကြား
–    နတ်ဖြစ်လည်းအတူတူ၊ သွေးတူ မွေးတူပင်
–    လူဖြစ်လည်းအတူတူ၊ သွေးတူ မွေးတူပင်..
သရက်မျိုးစေ့ တစ္ဆေက အပင်ဆောင်ခဲ့လျှင် ဝတ်ဆံ အား ကောင်း-ကောင်းသလောက် လက်တွေ့မြင်။ အပင်သန် အသီး သီး။ ထို့နောက် သရက်ဥယျာဉ်ကြီးများ ဖြစ်လာသည် အထိကို လက်ခံနိုင်သေးလျှင် စေတနာတစ်ခုက ဘဝမျိုးစုံ အကျိုးကုန်ပေးလည်း လက်ခံရမည်သာ။
ဆက်ပါဦးမည်
မဟာဗောဓိမြိုင်ဆရာတော်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s