ေ မ ာ င္ ေ သြ း ခြၽ န္ ေ ပ း ပို႔ ပူ ေ ဇာ် သ ည်
စာ..စာဆိုတာ သူတစ်ပါးက အရေးယူရမည်။ အစာ..အစာဆို တာ သူတစ်ပါးက ကျွေးယူရမည်။
ကဗျာ..ကဗျာဆိုတာ သူတစ် ပါးက တွေးယူရမည်။ ဆရာ..ဆရာ ဆိုတာ သူတစ်ပါးက မေးယူရမည်။
အလှူခံမရဲနှင့် အလှူရဲစေ၊ ခါးဝတ်မပြဲနှင့် ခါးဝတ်သီလမြဲစေ၊ အယူမလွဲနှင့် ရုပ်နာမ်ကွဲစေ။
လူချင်းအလဲမခံရစေနှင့်၊ ဘဝ ချင်းအလဲမခံရစေနှင့်၊ ဒုက္ခချင်းအလဲ မခံရစေနှင့်။
ူ မာနက လူချင်းလဲသည်၊ တဏှာက ဘဝချင်းလဲသည်။ ဒိဋ္ဌိက ဒုက္ခချင်းလဲသည်။
ကိုယ်နှုတ်စိတ်ကို မစောင့်စည်း လျှင် Óာဏ်မဖြစ်။ တဏှာ၊ မာန၊ ဒိဋ္ဌိဖြစ်၍ သံသရာလည်မည်။ ကိုယ် နှုတ်စိတ်ကို သတိနှင့်စောင့်စည်းလျှင် တဏှာ၊ မာန၊ ဒိဋ္ဌိမဖြစ်။ မဂ်Óာဏ်၊ ဖိုလ်Óာဏ်ဖြစ်၍ သံသရာကင်းပြတ်၊ နိဗ္ဗာန်သို့ တက်ရောက်ရမည်။
နဝဓုတင်္ဂါစာရဆရာတော်ကြီး (ဟင်္သာတမြို့)
၂ဝဝဝ ခုနှစ်ထုတ် နိဗ္ဗာန်လမ်းညွှန်ကျမ်းမှ။