ေ မ ာ င္ ေ သြ း ခြၽ န္ ေ ပ း ပို႔ ပူ ေ ဇာ် သ ည်
သတ္တဝါအားလုံးတို့အား မေတ္တာထားရှိကြရမည်ဟု ဆိုကြသည်။ သို့ ဖြစ်၍ မေတ္တာသည် သူတစ်ပါး ကောင်းစားရေးအတွက် အနစ်နာခံ၍ စိတ်အားထက်သန်စွာ သူတစ်ပါးတို့ကို ကူညီရိုင်းပင်းခြင်းနှင့် အတူတကွ လက်တွဲလျက်တည်ရှိနေရပေမည်။ ဒီဃနိကာယ်တွင် ဖော်ပြထားသည်မှာ တစ်ကိုယ်ကောင်းစိတ်မရှိခြင်း၊ သနားတတ်ခြင်း၊ ချစ်ခင်တတ်ခြင်း စသည့် ကောင်းသောစိတ်(အရည် အချင်း)အားလုံးတို့သည် မေတ္တာစိတ်၌ အကျုံးဝင်သည်။ အကယ်၍ မေတ္တာစိတ်စစ်စစ်ရှိပါက ကျွန်ုပ်တို့ သည် အရာရာကိုဖြစ်စေနိုင်သည်။ မွန်မြတ်ကြီးကျယ်သော ငြိမ်းချမ်းရေး ရရန်ကိုပင် ကျွန်ုပ်တို့မေတ္တာပွားများ ပျံ့နှံ့စေနိုင်ပါသည်။ ယခုအခါ သတ္တဝါ တို့ကိုခွဲခြားထားသော အတားအဆီး အားလုံးတို့ကို မေတ္တာစိတ်ဖြင့်သာ ဖြိုခွဲဖယ်ရှားရန် ကြိုးစားလျက်ရှိကြပေ သည်။
မေတ္တာသည် ငြိမ်းအေးမှုကိုပေး နိုင်၏။ ၄င်းသည် သိမ်မွေ့သော လက်ဖြင့် နူးညံ့စွာထိတွေ့ဘိသကဲ့သို့ ဖြစ်သည့်အပြင် ခိုင်မြဲသည်လည်းဖြစ် ခြင်းကြောင့် ၄င်း၏ကရုဏာစိတ် သည်လည်းမပြောင်းလဲဘဲတည်ရှိ၏။ သို့ဖြစ်၍ မေတ္တာသည် ငြိမ်းအေးသာယာသော ပတ်ဝန်းကျင်ကိုသာ ဖြစ်ပေါ်စေသည်။
ကမ္ဘာ့ရှေ့ဦးသာသနာပြု အရှင်သေဋ္ဌိလ (အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇမဟာရဋ္ဌဂုရု)
၁၉၉၆၊ ဇွန်လထုတ် ဗုဒ္ဓဘာသာလက်စွဲကျမ်းမှ