ေ မ ာ င္ ေ သြ း ခြၽ န္ ေ ပ း ပို႔ ပူ ေ ဇာ် သ ည်
လူတို့သည် ဂုဏ်ကိုလည်း လိုချင်၏။ သိက္ခာစဉ်ကိုလည်း ထိန်း နိုင်စွမ်းမရှိသောအခါ လူတို့၏ရှေ့ဝယ် ဂုဏ်သိက္ခာရှိလူကြီးမင်းအသွင်ဆောင် မိ၏။ အတုအယောင်ကိုကား ဖုံး ကွယ်ထားလေ့ရှိ၏။ တစ်ဖန် လူ ကွယ်ရာ အလိုပါရှေ့ အလိုတူသူချင်း တွေ့မိပြန်လျှင်ကား ထိန်းကံကိုလှန် အကြံတွင် အဆန်ဖက်၍ ကံပျက် လုပ်ငန်း ဆက်ပြန်ချေ၏။ ထိုသူ သည်ကား…
ကြောင်တို့မည်သည်ြ<ွကက်၊ ငါး၊ ဖား စသည် သူတစ်ပါးတို့အသား ဖျက်၍ အသက်ရှင်ခွင့်ရသည့်အား လျော်စွာ နေ့စဉ်ဝမ်းစာြ<ွကက်၊ ငါး၊ ဖားတို့သာဖြစ်ရကား ဝမ်းဗိုက်ကြား သူ့အသားဝင် ထိုမစင်နံဖို့သာ ရှိတော့ သည်။ ထိုအခါ သည်နေရာ သူရှိ သည်ကို မသိစေလိုသဖြင့် သူစွန့်ချ တိုင်း မစင်တုံး အမြဲဖုံးအုပ်သော အကျင့် ကျင့်ရပြီ။
ယုန်ကလေးများမှာမူကား စား သောအစာသည် မြက်၊ ကန်စွန်း ရွက်တို့ချည်းသာဖြစ်တော့သဖြင့် ဝမ်းဗိုက် ကန်စွန်းဖက် မစင်အနံ့ မထွက်။ သို့ကြောင့် စွန့်တိုင်းလျှင် မဖုံး၊ အတုံးလိုက်သာ ထားတော့ သည်။ သည့်ပမာလျှင်..
– သီလကြောင်တောင် အယောင် ဆောင်ထုံး ဖုံးမှလုံသည်သာ၊
– သီလဂုဏ်ဆောင် အယောင် ဆောင်ဘုန်း ဖုံးရန်မလိုအပ်တော့ပါ။
မဟာဗောဓိမြိုင်ဆရာတော်
၂ဝဝ၂ ဧပြီထုတ် ‘ဓမ္မနီတိကထာ’မှ။