ေ မ ာ င္ ေ သြ း ခြၽ န္ ေ ပ း ပို႔ ပူ ေ ဇာ် သ ည်
သဒ္ဓါစိတ်သည် တစ်ဖက်အယုံ တိုးစေသည်။ ပညာစိတ်သည်ကား တစ်ဖက်အမှားတားဆီးပေးနိုင်သည်။ သင်သည် မယား၊ သားသမီးမျှကို သာ သဒ္ဓါကြည်ဖြူအံ့။ ထို သင့်အဖို့ တစ်အိမ်ထောင်မင်းဖြစ်ဖို့သေချာပြီ။ သို့သော် ပညာကင်းက မိဖုရားညှင်း သလောက် အထိနာစေ့မည်။
သင်သည်..သည့်အတူ တစ် ရွာတစ်ရပ်ကွက်မျှကိုသော်လည်း ကောင်း၊ မြို့နယ်တစ်ခု၊ တိုင်းတစ်ခု၊ ပြည်တစ်ပြည်ကိုသော်လည်းကောင်း သဒ္ဓါအံ့။ သင့်စေတနာ၊ သင့်သဒ္ဓါ အတိုင်းပင်လျှင် ထိုထိုတစ်ပိုင်အတွင်း နေ လူအားလုံးတို့ကလည်း သင့်အား ယုံကြည်အံ့။ သဒ္ဓါသည် လ သရုပ် တဏှာတိမ်ပုပ်မထိုးသောကြောင့်..။ သို့သော် ထိုအားလုံးတို့ကယုံသဖြင့် ခေါင်းဆောင်တင်မြှောက်ကြည့်သော်
– သင်သည် အတွေးအခေါ်ပညာ ကင်းမဲ့နေက ရှေ့နောက်တွက် အကွက်ဟာနေသဖြင့်..
– သင်သည် ကျွမ်းကျင်ပညာ ချို့တဲ့နေက လက်တွေ့ပွဲ အတွဲ လွဲနေသဖြင့်..
ဘာသာသုံးလည်း ဂါရဝမရ၊ ရိုသေခြင်းမှအရှုံးပြစေ့မည်။ အာဏာ သုံးလည်း အာဏာထက်မပြ၊ အာ ဏာတုံးသာ ရစေ့မည်။ သဒ္ဓါပညာ ဘက်ထမ်းမညီသူလောက်ကမောက် ကမဖြစ်တတ်သူ လောက၌မရှိတော့ ပြီ။ ။
မဟာဗောဓိမြိုင်ဆရာတော်
၂ဝဝ၂ ဧပြီလထုတ် ဓမ္မနီတိကထာမှ။
ဘလော့ရေးသူ အမှာ
ယခု ရေးသားသော မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ သြ၀ါဒများမှာ ပေါ်ပြူလာနယူးစ်ဂျာနယ်တွင် ဖော်ပြပြီးဖြစ်ပါသည်။ သို့ ဖော်ပြပြီးဖြစ်ပါလျက် ဆရာတော်ဘုရားကြီး၏ သြ၀ါဒများကို မဖတ်ရှုလိုက်ရသော ဓမ္မမိတ်ဆွေများ အတွက် ရည်စူးကာ အင်တာနက်စာမျက်နှာပေါ်သို့ ကြည်ညိုလေးမြတ်စွာ ဖော်ပြထားခြင်းဖြစ်ပါသည်။ (ဇော်ဝင်းမောင်)ပြက္ခဒိန်
July 2010 M T W T F S S 1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 ဒါတွေလည်း ရှိသေးတယ်
စာမျက်နှာများ
လစဉ်အလိုက် သိမ်းထားမယ်
ဒီမှာလည်း ကြည့်ဦး