ဘလော့ရေးသူ အမှာ
ယခု ရေးသားသော မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ သြ၀ါဒများမှာ ပေါ်ပြူလာနယူးစ်ဂျာနယ်တွင် ဖော်ပြပြီးဖြစ်ပါသည်။ သို့ ဖော်ပြပြီးဖြစ်ပါလျက် ဆရာတော်ဘုရားကြီး၏ သြ၀ါဒများကို မဖတ်ရှုလိုက်ရသော ဓမ္မမိတ်ဆွေများ အတွက် ရည်စူးကာ အင်တာနက်စာမျက်နှာပေါ်သို့ ကြည်ညိုလေးမြတ်စွာ ဖော်ပြထားခြင်းဖြစ်ပါသည်။ (ဇော်ဝင်းမောင်)ပြက္ခဒိန်
ဒါတွေလည်း ရှိသေးတယ်
စာမျက်နှာများ
လစဉ်အလိုက် သိမ်းထားမယ်
ဒီမှာလည်း ကြည့်ဦး
Monthly Archives: September 2010
မီးကြောက် . . . မီးတောက် မြှောက်မရမ်းလေနှင့်
ကမ္ဘာနှင့်ချီ်၍ ဖြစ်လေ့ရှိသော ကပ်မီးသည် နီးသထက် နီးလာနေ ချေပြီ။ သံသရာနှင့်ချီ၍ ဖျက်လေ့ရှိ သော အဖျက်မီးသည်လည်း ညီးညီးပင်လောင်နေချေပြီ။ ဘ၀နှင့်ချီ၍ ကူးစက်နေသော အစွဲမီးသည် လည်း ညီးညီးပင် တောက်လောင်နေချေပြီ။ ကပ်မီးကား လောဘ ဒေါသ မောဟ လိုက်စားလွန်းအားကြီး နေခြင်းတည်း၊ အဖျက်မီးကား တဏှာ မာန ဒိဋ္ဌိတို့အကြား မိမိစိတ် ပေါက်လွှတ်ပဲစား ပစ်ထားခြင်းတည်း။ အစွဲမီးကား ဝေဒနာ တဏှာ ဥပါဒါန် တို့အကြား အာရုံလိုက်စားနေခြင်း တည်း။ ထိုမီးများ တကယ်ကြောက် အားပိုပါသည်ဆိုသော်.. … Continue reading
လူမသုံး ဘုန်းမပွင့်
မသာလည်း တ, သာလည်း တ လသော်မှ လူခြေတိတ်ဆိတ် လူနှင့်သတ္တ၀ါတို့အိပ်မောကျချိန် သာထိန်နေချေက လတန်ခိုး တန်ဖိုးပြည့်မရ၊ ဘုန်းကျက်သရေ ဂုဏ်သိန်ကင်းပ အလင်းချသဖြင့် အလဟဿအဖြစ်ဖြင့်သာ အချိန်ကုန်ရရှာသည်။ လူတို့တွင်လည်း အများတို့က အားကိုးတကြီးလိုနေ ချိန်တွင် မိမိ၏ပညာစွမ်းဖြင့် လူတို့၏ နေရာတန်း ၀င်ရောက်မထမ်းပါပဲလျက်က မလိုအပ်ချိန်မှ ၀င်ရောက် လက်ကမ်းပါသော်ကား..လူအများတို့ အားကိုးခြင်း၊ တမ်းတခြင်း၊ ၀ိုင်းဝန်းကာ အမွှန်းတင်ခြင်း၊ ၀င်ရောက် ခိုလှုံခြင်း မခံရတော့သော ကြောင့်.. မည်မျှပင် ဟိတ်ဟန်ထုတ်နေ စေ၊ ထိုဟိတ်ကား ဟိတ်ပုပ်မျှသာ၊ မည်မျှပင် … Continue reading
အိပ်သူများ ကျားဝမ်းသာ
ဗီဇသတ်္တိမှ ဇ,ပြလျက်ရှိသော ဇာတိမာန်၊ အလှ ဓန ပညာတို့မှ အားပြလျက်ရှိသော ကိလေသာ့မာန်၊ သဒ္ဓါ ဆန္ဒတို့မှ အားပြလျက်ရှိသော နေက္ခမမာန်၊ ထိုမာန်များ လူသားတိုင်းလျှင် တစ်မျိုးမဟုတ် တစ်မျိုးရှိနေကြမြဲသာ။ ထိုစဉ် အထက်မာန်နှစ်မျိုးကား ယုတ်ညံ့သောနေရာ၌ ဖြစ်ရသောကြောင့် ဟိနမာန်၊ အောက်ဆုံးအမျိုးကား မြင့်မြတ်သောနေရာ၌သာ ဖြစ်လေ့ရှိသောကြောင့် ပဏီတမာန်၊ တစ်ဖန် ဇာတိမာန်ကား လူ မဆိုထားဘိ တိရစ်္ဆာန်များပင်ရှိချေ ရာ အများသုံးသော မာန်ပစ္စည်း တည်း။ လောကတွင်းသို့ လူမျိုးတစ်မျိုး တိုင်းပြည်တစ်ပြည် ဘာသာတစ်ခုခု ကိုယ်စားပြုလျက်က ၀င်ရောက်လာ … Continue reading
လက်သီးပုန်း
ပညာရှိတို့၏ ရှုတ်ချလိုရာမှဖြစ်သော အပြုံး..၊ အကြိုက်ကြီးသူတို့၏ မျိုသိပ်ထားသောအကြံ၊ အမုန်း ကြီးသူတို့၏ ကလဲ့စားချေလိုသော အတွင်းကြိတ်..ထိုအားလုံး တပ်အပ်သိ၊ သိရန်မလွယ်ကူချေ၊ သိရန် မလွယ်ကူသလောက်လည်း ခုခံပြင်ဆင်ရန် မလွယ်ကူချေ၊ ကျေနပ်သည်အထိ ရှင်းပြရန်သဘောထား ချင်းကပ်ငြိဖို့ ပြင်ဆင်ထားရန်ကား သာ၍သာ၍ပင် မလွယ်ကူချေ။ ရေအောက်ငုပ်နေသော ငါး၏ သွားရာလမ်း မှန်းဆ၍ ရကောင်းရမည်၊ မိန်းမတို့အတွင်းသဘောနှော ကြည့်က ရကောင်းရမည်၊ ထိုသို့ဆိုခဲ့ပြီးတို့၏ အတွင်းသဘောတို့ကိုကား ပညာရှိလေ ပိရိလေဖြစ်နေ သောကြောင့်လည်းကောင်း၊ အကြံကြီးလေ သိပ်သည်းလေဖြစ်နေသောကြောင့်လည်းကောင်း မည်သို့ မျှ မှန်းဆမရနိုင်။ သို့ကြောင့် … Continue reading
အစစ်အမှန်အောင်နိုင်ခြင်း
သူတစ်ပါးအပေါ် မတရားအောင်နိုင်ခြင်းမှန်သမျှ အပြင်အောင် နိုင်ခြင်း၊ အပြင်အောင်ခြင်းသည် ကြွေးမကင်း ကိုယ်တစ်လှည့် ပြန်ခံရဖို့အကြောင်းတရားဖြစ်သည်။ ကြွေးပြန်ဆပ်တဲ့အချိန်ကျတော့ အတိုးနဲ့အညွန့်နဲ့ အဆပေါင်းများစွာ ပြန်ခံရမယ်။ ဒီတော့ အပြင်မှာ တစ်ခါနိုင်တိုင်း သံသရာမှာ အကြိမ် ကြိမ်ရှုံးရလိမ့်မယ်။ လူတစ်ယောက် ကို ဒုက်္ခပေးလိုက်ရလို့ ကိုယ်က နိုင်ပြီမထင်ပါနဲ့။ ဒါသေက နိုင်သွား တာပါ။ ခိုင်းသလို လုပ်လေ ဒေါသ က ရောင့်တက်လေ။ အပြင်တစ်ခါနိုင်တိုင်း အတွင်း တစ်ခါရှုံး.. ဒီနှုန်းနဲ့ သံသရာခရီးသွားခဲ့ကြလို့ အောက်ရပ်အပါယ်ဘုံတွေမှာ ရေစုန်မျောနေတာ၊ မကြိုက်စိတ် ဒေါသဖြစ်ပေါ်လာချိန် … Continue reading
ကမ္ဘာ့ကယ်တင်ရှင်ကြီး နှစ်ဦး
မကောင်းမှုတွေကို ဟက်ဟက်ပက်ပက်ပြုတတ်တဲ့ မရှက်ခြင်း မကြောက်ခြင်းတရားနှစ်ပါးရဲ့ ဆန့်ကျင်ဘက်ကတော့ ကမ္ဘာ့သူကောင်းပြုတရားလို့ ဆိုရမယ့် ဟီရိသြတ်္တပ်္ပတရားနှစ်ပါးဖြစ်တယ်။ ဟီရိက ရှက်တာ၊ သြတ်္တပ်္ပက ကြောက်တာ၊ ဘာကိုရှက်ပြီး ဘာကိုကြောက်ရမှာလဲ။ မကောင်းမှုပြုရမှာကို ရှက်ရ ကြောက်ရမှာ၊ ဒါကြောင့် ဟီရိသြတ်္တပ်္ပဆိုတာ သုစရိုက်တရားများရဲ့ ပဲခူးဆားပဲ။ တစ်ဖက်သား အကျိုးများစေ ချင်တယ်၊ ချမ်းသာစေချင်တယ်ဆို ရင် ဒီတရားနှစ်ပါး လက်ကိုင်ထား ကြပါ။ ဒါန သီလ ဘာဝနာ ဘာပဲလုပ်လုပ် ဒီတရားနှစ်ပါးသာ ရှေ့ဆောင်လမ်းပြ၊ ဟီရိသြတ္တပ္ပတရား လက်ကိုင်ထားရင် လူလူချင်း၊ လူမျိုးအချင်းချင်း ဘာသာအချင်းချင်း … Continue reading
ကမ္ဘာဖျက်လက်နက်ကြီးနှစ်ခု
လောဘ ဒေါသ မောဟ မာန စတဲ့ ကိလေသာဆယ်ပါးရဲ့ ခေါင်းဆောင်ဟာ “အဟီရိက”လို့ခေါ်တဲ့ အမှန်ကို အမှန်အတိုင်း မသိတော့ လို့ မရှက်မရွံ့နဲ့ မည်းညစ်စေတဲ့ သဘောရယ်၊ “အနောတပ်္ပ”လို့ခေါ် တဲ့ မကြောက်မလန့်နဲ့ မည်းညစ်စေတတ်တဲ့သဘောရယ်..အဲဒီ မရှက်ခြင်းမကြောက်ခြင်းဟာ ကိလေသာ ဆယ်ပါးရဲ့ ပဲခူးဆားပဲ။ ကမ္ဘာလောကကို အကျည်းတန်အောင်လုပ်နေတဲ့ ကမ္ဘာဖျက်လက်နက်ကြီး နှစ်ခုပဲ။ လောကကြီးမှာ ဖြစ်ပွားပြီး၊ ဖြစ်ပွားဆဲ၊ ဖြစ်ပွားအံ့သော ဒုစရိုက်မှန်သမျှ အဲဒီမရှက်ခြင်း၊ မကြောက်ခြင်းရဲ့ လက်ချက်တွေချည်းပဲ။ လူ လူချင်း၊ လူမျိုးအချင်းချင်း ဘာသာအချင်းချင်း၊ တိုင်းပြည် … Continue reading
ဉာဏ်ကောင်းစု ဥတုမတတ်သာ
သတ္တ၀ါတိုင်း ဘ၀ကို ကံစီမံ၊ ခန္ဓာကိုကား ဥတုက ပြုပြင်ခံထားကြရရာ ကံကလည်း မသန်၊ ဥတု ကလည်း ထန်ဦးမည်ဆိုပါက ကံမကောင်း အကြောင်းမလှ အကြား ညပ်ပါသွားတော့သည်သာ၊ အကယ်တိတိ ထိုအတိတ် ပါကံကိုလက်ရှိကံဖြင့် ဖြည့်ဆောင်းဆောင်းပေးရာတွင် ကံကလည်း သမထ၀ိပဿနာ အထွတ်တင်ထားသော ဓမ္မကံဖြစ်နေမည်၊ ထိုဓမ္မကံတို့အကြား အသိဉာဏ်မဂ် ဖိုလ်ဉာဏ်များကပါ ဌာပနာအဖြစ် ပေါက်ဖွားနေဦးမည်ဆိုပါက.. ထိုလူသား ဥတုဘယ်လောက် ထန်ထန် ဥတုဒဏ် မခံရတော့ပါ။ အကယ်တိတိ သည်မျှအထိ ကံအထု ဉာဏ်စုက ဖိအားမရနိုင်သော်မှ ယနေ့ခေတ်ကို တီထွင်ပေးနေကြသော … Continue reading
လူပျက်ချင်ပျက်ပစေ လူသက်တော့ မပျက်စေနှင့်
လူ့ဘ၀၏ အမြတ်ဆုံးဥစ္စာကား သဒ္ဓါတရားဟူ၍ဆိုထားရာ လူ့အသက်သည် သဒ္ဓါတရားပင်တည်း၊ လူဟူသည်ကား ကံအကျိုးပေးအရဖြစ်ပေါ်လာသော လူ့ဘ၀လူ့ခန္ဓာပင်တည်း။ ထိုသို့ လူ့ခန္ဓာနှင့် လူသက် နှစ်ချက်ရှိချေရာ လူ့ခန္ဓာ၏အစိတ်အပိုင်းများ ဖောက်ပြန်ပျက်စီးလိုက ပျက်စီးနေစေ၊ လူသက်ခေါ် ယုံကြည်ချက်သဒ္ဓါကား မပျက်စေရာ၊ သဒ္ဓါရှိနေသမျှ လူ့ဂုဏ်သတ်္တိ ဘာမဆို ပြည့်စုံစေနိုင်၏။ သဒ္ဓါမရှိက လူပုံသာရှိ လူ့ဂုဏ်သတ်္တိမရှိတော့ရကား လူ့ဗျုပ်္ပတ်နှင့် လူ့ အတ္ထုပ္ပတ် သရုပ်ဟပ်မိသည်အထိ မပြည့်စုံနိုင်။ လူ့ဗျုပ္ပတ်ကား တလွင့်လွင့် တလူလူ တံခွန်ထူလေအပင့် အထက်သို့ ၀င့်တက်နေသည်ကို ဆိုချေသည်။ လူ့အတ္ထုပ္ပတ်ကား ထိုသို့ တစ်ဆင့်ထက်တစ်ဆင့် … Continue reading
အပြလောက်အတုခိုး အကျထိအတုမခိုးမိစေနှင့်
ထင်ပေါ်သူတို့၏လုပ်ရပ် လူတိုင်းလျှင် ကြည့်တတ်မြင်တတ်၏။ သို့ကြောင့် ယနေ့ ကာမစံအိမ်တို့ အတွက် ဇိမ်ခံပစ်္စည်းများ တီထွင်ထုတ်လုပ်ပေးတတ်ရာ နိုင်ငံကြီးများ၏ လုပ်ရပ်မှန်သရွေ့ တစ်ကမ်္ဘာလုံး ကပင် မျက်စိကျနေချေ၇ာ အထူးသဖြင့် လူငယ်များ သွေးပူသွမ်းသလောက် ငန်းဖမ်း အဆန်းစုံ အကုန်လိုက်လေ့ရှိကြ၏။ သူတစ်ပါးတို့ တီထွင်ထုတ်လုပ်ထားရာ ပစ္စည်းကိရိယာများဖြင့် အဆန်းစုံ အကုန်လိုက်တုနေခြင်းများသည် သူ့ပစ္စည်း အလကားကြေးဖြင့် ကြော်ငြာပေးနေသည်နှင့်လည်းတူ၏။ သို့ကြောင့် သူတစ်ပါးအတုခိုး သူတစ်ပါးပစ်္စည်းငှားဖြင့် ပွဲတိုးနေခြင်းမှန်သမျှ အလကား အငှားလိုက် ပေးနေခြင်းမျှသာ။ ထိုသို့ အတုပိုက်လျက်က အငှားလိုက်နေခြင်းများတွင် ရုပ်ပြမျှဖြစ်သော အ၀တ်အစား … Continue reading