လောဘ ဒေါသ မောဟ မာန စတဲ့ ကိလေသာဆယ်ပါးရဲ့ ခေါင်းဆောင်ဟာ “အဟီရိက”လို့ခေါ်တဲ့ အမှန်ကို အမှန်အတိုင်း မသိတော့ လို့ မရှက်မရွံ့နဲ့ မည်းညစ်စေတဲ့ သဘောရယ်၊ “အနောတပ်္ပ”လို့ခေါ် တဲ့ မကြောက်မလန့်နဲ့ မည်းညစ်စေတတ်တဲ့သဘောရယ်..အဲဒီ မရှက်ခြင်းမကြောက်ခြင်းဟာ ကိလေသာ ဆယ်ပါးရဲ့ ပဲခူးဆားပဲ။ ကမ္ဘာလောကကို အကျည်းတန်အောင်လုပ်နေတဲ့ ကမ္ဘာဖျက်လက်နက်ကြီး နှစ်ခုပဲ။ လောကကြီးမှာ ဖြစ်ပွားပြီး၊ ဖြစ်ပွားဆဲ၊ ဖြစ်ပွားအံ့သော ဒုစရိုက်မှန်သမျှ အဲဒီမရှက်ခြင်း၊ မကြောက်ခြင်းရဲ့ လက်ချက်တွေချည်းပဲ။
လူ လူချင်း၊ လူမျိုးအချင်းချင်း ဘာသာအချင်းချင်း၊ တိုင်းပြည် အချင်းချင်း ကျူးကျော်ဖျက်ဆီးမှု မှန်သမျှ “မရှက်ခြင်းမကြောက်ခြင်း” သာ တရားခံအစစ်ဖြစ်တယ်။ မရှက် ခြင်း မကြောက်ခြင်းတရားနှစ်ပါး ဟာ မုန်းငြိုးပြစ်မှား အာဃာတထားတဲ့ သတ္တ၀ါတွေမှာ၊ ကိလေသာအစားစား ၀င်ပူးခံနေရတဲ့ သတ္တ၀ါတွေအပေါ်မှာ ခေါင်းဆောင်လုပ်ပြီး ကမ္ဘာလောကကို ဖျက်ဆီး နေကြတယ်။
မဟာဗောဓိမြိုင်ဆရာတော်
၂၀၀၀ ပြည့်နှစ် ဇန်န၀ါရီလထုတ် အကောင်းဆုံးကို ရအောင်ယူမှ
မောင်သွေးချွန် ပေးပို့ပူဇော်သည်