သတ္တ၀ါတိုင်း ဘ၀ကို ကံစီမံ၊ ခန္ဓာကိုကား ဥတုက ပြုပြင်ခံထားကြရရာ ကံကလည်း မသန်၊ ဥတု ကလည်း ထန်ဦးမည်ဆိုပါက ကံမကောင်း အကြောင်းမလှ အကြား ညပ်ပါသွားတော့သည်သာ၊
အကယ်တိတိ ထိုအတိတ် ပါကံကိုလက်ရှိကံဖြင့် ဖြည့်ဆောင်းဆောင်းပေးရာတွင် ကံကလည်း သမထ၀ိပဿနာ အထွတ်တင်ထားသော ဓမ္မကံဖြစ်နေမည်၊ ထိုဓမ္မကံတို့အကြား အသိဉာဏ်မဂ် ဖိုလ်ဉာဏ်များကပါ ဌာပနာအဖြစ် ပေါက်ဖွားနေဦးမည်ဆိုပါက..
ထိုလူသား ဥတုဘယ်လောက် ထန်ထန် ဥတုဒဏ် မခံရတော့ပါ။ အကယ်တိတိ သည်မျှအထိ ကံအထု ဉာဏ်စုက ဖိအားမရနိုင်သော်မှ ယနေ့ခေတ်ကို တီထွင်ပေးနေကြသော ခေတ်ထမ်းကံနှင့် ခေတ်လွှမ်း ဉာဏ်လောက် တောက်နိုင်ကြလျှင်ပင် ထိုလူသား ခြေမွေးနေမလောင်၊ လက်မွေးနေမလောင်သော ဥတုလက်ရှောင် လူသားဘ၀ လှလှပပကြီး ရောက်ကြရ၊ ရကြရတော့မည်သာ။ ။
မဟာဗောဓိမြိုင်ဆရာတော်
သာရဏီယကထာမှမောင်သွေးချွန် ပေးပို့ပူဇော်သည်