တရားဟူသည် သဘာဝ သက်သက်၊ သဘောမျှဟူ၍ အဓိပ်္ပာယ်ထွက်ရာ ဒုက္ခသမုဒယဆောင်းသော မကောင်းသဘောလည်း တရားကြော ပေါလောပါဝင်၏။ မဂ္ဂနိရောဓဆောင်းသော ကောင်းသဘောလည်း တရားကြော ရောနှောပါဝင်၏။
သို့ဖြစ်ရာ
မကောင်းတရားကား အမေ့သိဖြင့် ငြိနေသော တိရစ္ဆာန်သုံးတရားကောင်းတရားသည်သာ မမေ့သိဖြင့် အငြိပယ်ဖျင်သော လူသုံး တရား
ယနေ့ လူ့ဘ၀ ၀င်ခွင့်ရထား သူများ
မမေ့တရား အထားပျက် မေ့ တရားကသာ ကြားစွက်၍ အ၀င်ခံ နေချေသော် တစ်ချက်မေ့ တစ်ကွက် လူသက်ပျက် တိရစ္ဆာန်တို့ဘက် သူ့စိတ်စင် ထွက်သွားတော့သည်။ မေ့လျက်ကသိသောအသိ အငြိထဲ လဲကျ နောက်ထပ် လူဖြစ်ခွင့် မရ တော့သောကြောင့်။ ။
မဟာဗောဓိမြိုင်ဆရာတော်
မောင်သွေးချွန် ပေးပို့ပူဇော်သည်