အတိတ်က ဒါနရိက္ခာ ပါမလာ သောသူ လက်ရှိဘ၀ ကာမစည်းစိမ် ခံစားရာ၌ ဘ၀ပေး နုံချာမည် မုချ တည်း။
အတိတ်က သီလရိက္ခာ ပါမလာသူ လက်ရှိဘ၀ ကျန်းမာ ရေး နုံချာမည် ဧကန်တည်း။
အတိတ်က ဘာဝနာရိက္ခာ ပါမလာသူကား လက်ရှိဘ၀၌ ပညာရေး နုံချာနေမည် လက်တွေ့ တည်း။
ထိုသုံးဦး ကန်နိမ့်ကို မြှင့်တင် ပေးမှသာ ရေတင်များ ရေအား ကောင်းကောင်းသုံးရဘိသို့လည်း ကောင်း၊ ကန်ပေါက်ကို ဖာထေး ပေးမှသာ ထားရာရေ အနေကျ ကြာ မျိုးစုံခ,ဘိသို့လည်းကောင်း၊ ရေကျကောင်းရာ ကန်ဆည်ပေးမှ သာ စီးသမျှဝင် ကန်ပီပြင်ဘိသို့ လည်းကောင်း။
ယခုဘ၀မှာတွင် ဒါနမှု၊ သီလမှု၊ ဘာဝနာမှုတို့ကို ပြုစုဖို့ လိုအပ်လေသည်။ စေတနာရှေ့တိုး ကောင်း နောက်ကြောင်းအကျိုးပေး များ မနေသာပြီတကား။ ။
မဟာဗောဓိမြိုင်ဆရာတော်
၂၀၀၂ ဧပြီလထုတ် ဓမ္မနီတိကထာမှ
ဘလော့ရေးသူ အမှာ
ယခု ရေးသားသော မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ သြ၀ါဒများမှာ ပေါ်ပြူလာနယူးစ်ဂျာနယ်တွင် ဖော်ပြပြီးဖြစ်ပါသည်။ သို့ ဖော်ပြပြီးဖြစ်ပါလျက် ဆရာတော်ဘုရားကြီး၏ သြ၀ါဒများကို မဖတ်ရှုလိုက်ရသော ဓမ္မမိတ်ဆွေများ အတွက် ရည်စူးကာ အင်တာနက်စာမျက်နှာပေါ်သို့ ကြည်ညိုလေးမြတ်စွာ ဖော်ပြထားခြင်းဖြစ်ပါသည်။ (ဇော်ဝင်းမောင်)ပြက္ခဒိန်
ဒါတွေလည်း ရှိသေးတယ်
စာမျက်နှာများ
လစဉ်အလိုက် သိမ်းထားမယ်
ဒီမှာလည်း ကြည့်ဦး