လူ့ဘ၀၏ အမြတ်ဆုံးဥစ္စာကား သဒ္ဓါတရားဟူ၍ဆိုထားရာ လူ့အသက်သည် သဒ္ဓါတရားပင်တည်း၊ လူဟူသည်ကား ကံအကျိုးပေးအရဖြစ်ပေါ်လာသော လူ့ဘ၀လူ့ခန္ဓာပင်တည်း။ ထိုသို့ လူ့ခန္ဓာနှင့် လူသက် နှစ်ချက်ရှိချေရာ လူ့ခန္ဓာ၏အစိတ်အပိုင်းများ ဖောက်ပြန်ပျက်စီးလိုက ပျက်စီးနေစေ၊ လူသက်ခေါ် ယုံကြည်ချက်သဒ္ဓါကား မပျက်စေရာ၊ သဒ္ဓါရှိနေသမျှ လူ့ဂုဏ်သတ်္တိ ဘာမဆို ပြည့်စုံစေနိုင်၏။ သဒ္ဓါမရှိက လူပုံသာရှိ လူ့ဂုဏ်သတ်္တိမရှိတော့ရကား လူ့ဗျုပ်္ပတ်နှင့် လူ့ အတ္ထုပ္ပတ် သရုပ်ဟပ်မိသည်အထိ မပြည့်စုံနိုင်။
လူ့ဗျုပ္ပတ်ကား တလွင့်လွင့် တလူလူ တံခွန်ထူလေအပင့် အထက်သို့ ၀င့်တက်နေသည်ကို ဆိုချေသည်။ လူ့အတ္ထုပ္ပတ်ကား ထိုသို့ တစ်ဆင့်ထက်တစ်ဆင့် မြင့်ထက်မြင့် အလုပ်၌ ယုံကြည်ချက်ထား ကြိုးစားခြင်းကို ဆိုချေသည်။ သို့ကြောင့် သင့်အား တိုက်တွန်းလိုသည်မှာ ပစ္စည်းမွဲလိုက မွဲပါစေ သဒ္ဓါတော့ မမွဲပါလေ နှင့်ဟူ၍ပင်။ ပစ္စည်းမရှိသည်ကား ရှာဖွေလျှင် ရနိုင်သေး၏။ သဒ္ဓါမရှိလျှင်ကား ရှာဖွေဖို့ပင် မဖြစ်နိုင် တော့သောကြောင့်တည်း။ လူပျက်လျှင် ပျက်ပါစေ သဒ္ဓါတော့ မပျက်ပါလေနှင့်၊ လူပျက်သော် ဆေးဝါး တို့နှင့် ကုသပေးရသေး၏၊ သဒ္ဓါပျက်သော်ကား ဆေးဆရာခေါ် ဖို့ပင် မဖြစ်နိုင်တော့သောကြောင့်တည်း။
မဟာဗောဓိမြိုင်ဆရာတော်
၂၀၀၂-အောက်တိုဘာထုတ် သာရဏီယကထာမှ
မောင်သွေးချွန် ပေးပို့ပူဇော်သည်