လူကြီးမား သူကြီးမားများ သည် အသိအလိမ်္မာ ဉာဏ်ပညာ ကြီးမားသော်လည်း ကျလူနေရာ ရောက် ကျခေတ်ထောက်နေပြီ။
ကလေး ကာလသားများ သည်ကား အသိဉာဏ်မကူ သွေး ဆောင်ရာ အကူဝင်နေသူများဖြစ် ကြသော်လည်း တက်လူနေရာဝင် တက်ခေတ်ပြင်ဆင်နေကြပြီ။ သို့ဖြစ် ရာ..
အဆင်းနှင့်အတက် စနစ်ချင်း မပြိုင်မိကြစေရာ၊
အဆင်းနှင့်အတက် ငြင်းကွက် များ မဖော်မိစေရာ၊
အကယ်တိတိ အပြိုင်ပေါ် အဖော်ဆင့်ခဲ့ပါမူ
အကြီးကား ငြင်းရင်းက ကြွေ၊
တင်းရင်းကပင် အခွေခံကြရ မည်သာ။
မဟာဗောဓိမြိုင်ဆရာတော်
၁၃၆၅ ၀ါခေါင်လဆန်း ၈ ရက်
ဘလော့ရေးသူ အမှာ
ယခု ရေးသားသော မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ သြ၀ါဒများမှာ ပေါ်ပြူလာနယူးစ်ဂျာနယ်တွင် ဖော်ပြပြီးဖြစ်ပါသည်။ သို့ ဖော်ပြပြီးဖြစ်ပါလျက် ဆရာတော်ဘုရားကြီး၏ သြ၀ါဒများကို မဖတ်ရှုလိုက်ရသော ဓမ္မမိတ်ဆွေများ အတွက် ရည်စူးကာ အင်တာနက်စာမျက်နှာပေါ်သို့ ကြည်ညိုလေးမြတ်စွာ ဖော်ပြထားခြင်းဖြစ်ပါသည်။ (ဇော်ဝင်းမောင်)ပြက္ခဒိန်
ဒါတွေလည်း ရှိသေးတယ်
စာမျက်နှာများ
လစဉ်အလိုက် သိမ်းထားမယ်
ဒီမှာလည်း ကြည့်ဦး