လက်သီးပုန်း


ပညာရှိတို့၏ ရှုတ်ချလိုရာမှဖြစ်သော အပြုံး..၊ အကြိုက်ကြီးသူတို့၏ မျိုသိပ်ထားသောအကြံ၊ အမုန်း ကြီးသူတို့၏ ကလဲ့စားချေလိုသော အတွင်းကြိတ်..ထိုအားလုံး တပ်အပ်သိ၊ သိရန်မလွယ်ကူချေ၊ သိရန် မလွယ်ကူသလောက်လည်း ခုခံပြင်ဆင်ရန် မလွယ်ကူချေ၊ ကျေနပ်သည်အထိ ရှင်းပြရန်သဘောထား ချင်းကပ်ငြိဖို့ ပြင်ဆင်ထားရန်ကား သာ၍သာ၍ပင် မလွယ်ကူချေ။
ရေအောက်ငုပ်နေသော ငါး၏ သွားရာလမ်း မှန်းဆ၍ ရကောင်းရမည်၊ မိန်းမတို့အတွင်းသဘောနှော ကြည့်က ရကောင်းရမည်၊ ထိုသို့ဆိုခဲ့ပြီးတို့၏ အတွင်းသဘောတို့ကိုကား ပညာရှိလေ ပိရိလေဖြစ်နေ သောကြောင့်လည်းကောင်း၊ အကြံကြီးလေ သိပ်သည်းလေဖြစ်နေသောကြောင့်လည်းကောင်း မည်သို့ မျှ မှန်းဆမရနိုင်။ သို့ကြောင့် တစ်ဇွတ်ထိုးသမားထက် သွေးအေးအေး ကြိတ်ကြံ အတွင်းဆန်သမားကို အထူးဂရုစိုက်ရမည်၊ တစ်ဖန် လူမိုက်ပိရိ အကြံရှိထက် ပညာရှင် အား အထူးနောက် အထူးလိုက်၍ပင် ဂရုစိုက်ရမည်။ အပြုံးလိုက် ကြိုက်၍ချည်းမတင်ရာ၊ ဒုန်းတိုက် တိုက် မိုက်၍ချည်း မထင်မှတ်ရာ။

မဟာဗောဓိမြိုင်ဆရာတော်
၂၀၀၂ ခုနှစ်ထုတ် နီတိနှင့်စကားပြောဆိုခြင်းမှ
မောင်သွေးချွန် ပေးပို့ပူဇော်သည်။

This entry was posted in Uncategorized. Bookmark the permalink.

Leave a comment