ဘလော့ရေးသူ အမှာ
ယခု ရေးသားသော မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ သြ၀ါဒများမှာ ပေါ်ပြူလာနယူးစ်ဂျာနယ်တွင် ဖော်ပြပြီးဖြစ်ပါသည်။ သို့ ဖော်ပြပြီးဖြစ်ပါလျက် ဆရာတော်ဘုရားကြီး၏ သြ၀ါဒများကို မဖတ်ရှုလိုက်ရသော ဓမ္မမိတ်ဆွေများ အတွက် ရည်စူးကာ အင်တာနက်စာမျက်နှာပေါ်သို့ ကြည်ညိုလေးမြတ်စွာ ဖော်ပြထားခြင်းဖြစ်ပါသည်။ (ဇော်ဝင်းမောင်)ပြက္ခဒိန်
June 2023 M T W T F S S 1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 ဒါတွေလည်း ရှိသေးတယ်
စာမျက်နှာများ
လစဉ်အလိုက် သိမ်းထားမယ်
ဒီမှာလည်း ကြည့်ဦး
Author Archives: အမောင်
သွားလျက်နှင့်မရွေ့ နေရာမှာပင် ဝေ့နေလို့
ခရီးသွားရာ၌ ဘယ်ညာဖ၀ါး အပြင်လှမ်းချင်သည်၊ လှမ်းသည်ဟူသော စိတ်နှင့်ကိုယ် အတွဲမိမှသာ သွားလိုရာခရီး ပြီးစီးနိုင်၏။ ဉာဏ်လမ်းခရီး သွားကြရာ၌လည်း သတိနှင့်အသိဟူသော စရဏ ၀ိဇ္ဇာ ဖ၀ါးနှစ်ဖြာအပြင် သဒ္ဓါ ဆန္ဒ ၀ီရိယ စသည် အဓိပတိဗိုလ် တွန်းအားများကပါ ပံ့ပိုးပေးနေမှသာ ကျင့်သလောက်သိ၊ သိသလောက် ကျင့်တို့ဖြင့် သမထ၀ိပဿနာလမ်းမှသည် နိဗ္ဗာန်နန်းသို့ တန်းမတ်စွာ ရောက်နိုင်မည်။ သို့မဟုတ်ပါပဲ အကျင့်နှင့်အသိတို့ကို ဆက်သွယ်ပေးတာဝန်ယူကြသော သဒ္ဓါ ဆန္ဒ ၀ီရိယ စသည် အဓိပတိဗိုလ်ကင်း အာရုံမှန် အကျင့်မှန် ပျက်ယွင်း နေပါသော်ကား … Continue reading
အရိုးကြား အသားမကျ အအ ဘ၀ ရောက်တတ်လှ
ရိုးသားခြင်းသည် လူ့စည်း ဘီလူးစည်း တခြား တသီးတားဆီးပေးထားရာ စည်းပမာ..၊ သူ့သိက္ခာ ကိုယ့်သိက္ခာ နှစ်ဖြာရိုး မချိုးမိရန် တားထား ချထားခြင်းပင်။ သို့တစေလည်း ကိုယ်ကျင့်သိက္ခာ စည်းခြား ထားရာ ထိုကျင့်ဝတ်ထုံးအတွင်း သတိ အသိဉာဏ်ပညာတို့ ၀င်ဆံ့ခြင်းပါရှိမှသာ အရိုးမကျိုး အဆိုးမသက် သူနှင့်ကိုယ် ယုံကြည်မှု တိုးတက်မည်။ အကယ်တိတိ.. သတိ အသိ ဦးမစီး မောဟဖောက်လျက် သူတကာအပြော၊ သူတကာအပြော၊ သူတကာအလုပ်၊ သူတကာလက်ကုတ်ရာနောက် ကောက်ကောက်ပါ လိုက်နေမိလျှင်ကား ရိုးပြအစား ရိုးအတရားက အစားထိုးဝင်ရောက်လာတတ်သည်။ မဟာဗောဓိမြိုင်ဆရာတော် … Continue reading
Posted in မောင်သွေးချွန် စုစည်းပူဇော်သည်
1 Comment
အာဏာပြင်း မငြင်းဝံ့
လောကနတ်အမည်ရသော လူဘုရင် လူမင်း အစားစားတို့သည်လည်း တဏှာသို့ အခွန်တော်ဆက်နေ ရဆဲဖြစ်ခြင်းကြောင့် အများ၌ အာဏာပြင်းသော်မှ မယားအလှနှင့်တွေ့သောအခါ အာဏာကင်းနေ တတ်ကြသည်။ တစ်ဖန် ဥပပတ် နတ်အမည်ရ နတ်မင်းများလည်း တဏှာသို့ အခွန်ဆက်နေရဆဲဖြစ်ခြင်း ကြောင့် အာဏာပြင်းရာပြင်း၊ ကင်းရာကင်းချည်းသာ။ ၀ိသုဒ်္ဓိနတ်အမည်ရသော ဘုရားရှင်သည်ကား တဏှာသတ်ပြီး ဖြစ်ခြင်းကြောင့် အာဏာပြင်း ဘာမဆို ရဲရဲဝံ့ဝံ့ ပြုကျင့်ဝံ့တော့သည် သာ။ သည့်ပမာ သတ်္တ၀ါတိုင်းတို့၌ မင်းမူနေကြသော အိုမင်းကြီး၊ နာမင်းကြီး၊ သေမင်းကြီးသုံးပါးတို့တွင်လည်း အိုမင်းနာမင်းနှစ်ပါးသည် ဆေးဝါးဒဏ်မလွန်ဆန်တတ်ခြင်း၊ သေမင်းကြီး၏ လက်ပါးစေဖြစ်နေခြင်းများ … Continue reading
မပျင်းနဲ့
ဒီပါမာမဆုံးခင် နောက်ဆုံးတွေ့ကြတုန်းက ၂ ရက်လုံးလုံး တရား ထိုင်ဖို့ ကျွန်တော့်ကို ပြောခဲ့ပါတယ်။ သူပြောတာက ၂ ရက် တရားပတ်စခန်း သွားဝင်ဖို့မဟုတ်ဘူး။ ၂ ရက်လုံးလုံး တစ်ဆက်တည်း တစ်ချိန်တရားထိုင်ပါတဲ့။ ကျွန်တော် ရယ်နေပါတယ်။ ဘယ်လိုမှ မဖြစ်နိုင်တာပဲ။ ဒါပေမဲ့ ဘယ်လိုမှ အလျှော့မပေးဘဲ ကရုဏာတရားနဲ့ ဒီပါမာက ရိုးရိုးလေး ကျွန်တော့်ကို ပြောလိုက်တာကတော့ `မပျင်းနဲ့´ တဲ့။ (ဂျိုးဇက်ဂိုးလ်စတိန်း) (`ဒီပါမာ´ ၀ိပဿနာတရားပြဆရာမကြီးတစ်ဦး၏ ရုပ်ပုံလွှာ၊ ၀င်းမင်းထွေး ဘာသာပြန်သည့်စာအုပ်မှ)
Posted in စာအုပ်များ
Leave a comment
မီးကြောက် . . . မီးတောက် မြှောက်မရမ်းလေနှင့်
ကမ္ဘာနှင့်ချီ်၍ ဖြစ်လေ့ရှိသော ကပ်မီးသည် နီးသထက် နီးလာနေ ချေပြီ။ သံသရာနှင့်ချီ၍ ဖျက်လေ့ရှိ သော အဖျက်မီးသည်လည်း ညီးညီးပင်လောင်နေချေပြီ။ ဘ၀နှင့်ချီ၍ ကူးစက်နေသော အစွဲမီးသည် လည်း ညီးညီးပင် တောက်လောင်နေချေပြီ။ ကပ်မီးကား လောဘ ဒေါသ မောဟ လိုက်စားလွန်းအားကြီး နေခြင်းတည်း၊ အဖျက်မီးကား တဏှာ မာန ဒိဋ္ဌိတို့အကြား မိမိစိတ် ပေါက်လွှတ်ပဲစား ပစ်ထားခြင်းတည်း။ အစွဲမီးကား ဝေဒနာ တဏှာ ဥပါဒါန် တို့အကြား အာရုံလိုက်စားနေခြင်း တည်း။ ထိုမီးများ တကယ်ကြောက် အားပိုပါသည်ဆိုသော်.. … Continue reading
လူမသုံး ဘုန်းမပွင့်
မသာလည်း တ, သာလည်း တ လသော်မှ လူခြေတိတ်ဆိတ် လူနှင့်သတ္တ၀ါတို့အိပ်မောကျချိန် သာထိန်နေချေက လတန်ခိုး တန်ဖိုးပြည့်မရ၊ ဘုန်းကျက်သရေ ဂုဏ်သိန်ကင်းပ အလင်းချသဖြင့် အလဟဿအဖြစ်ဖြင့်သာ အချိန်ကုန်ရရှာသည်။ လူတို့တွင်လည်း အများတို့က အားကိုးတကြီးလိုနေ ချိန်တွင် မိမိ၏ပညာစွမ်းဖြင့် လူတို့၏ နေရာတန်း ၀င်ရောက်မထမ်းပါပဲလျက်က မလိုအပ်ချိန်မှ ၀င်ရောက် လက်ကမ်းပါသော်ကား..လူအများတို့ အားကိုးခြင်း၊ တမ်းတခြင်း၊ ၀ိုင်းဝန်းကာ အမွှန်းတင်ခြင်း၊ ၀င်ရောက် ခိုလှုံခြင်း မခံရတော့သော ကြောင့်.. မည်မျှပင် ဟိတ်ဟန်ထုတ်နေ စေ၊ ထိုဟိတ်ကား ဟိတ်ပုပ်မျှသာ၊ မည်မျှပင် … Continue reading
အိပ်သူများ ကျားဝမ်းသာ
ဗီဇသတ်္တိမှ ဇ,ပြလျက်ရှိသော ဇာတိမာန်၊ အလှ ဓန ပညာတို့မှ အားပြလျက်ရှိသော ကိလေသာ့မာန်၊ သဒ္ဓါ ဆန္ဒတို့မှ အားပြလျက်ရှိသော နေက္ခမမာန်၊ ထိုမာန်များ လူသားတိုင်းလျှင် တစ်မျိုးမဟုတ် တစ်မျိုးရှိနေကြမြဲသာ။ ထိုစဉ် အထက်မာန်နှစ်မျိုးကား ယုတ်ညံ့သောနေရာ၌ ဖြစ်ရသောကြောင့် ဟိနမာန်၊ အောက်ဆုံးအမျိုးကား မြင့်မြတ်သောနေရာ၌သာ ဖြစ်လေ့ရှိသောကြောင့် ပဏီတမာန်၊ တစ်ဖန် ဇာတိမာန်ကား လူ မဆိုထားဘိ တိရစ်္ဆာန်များပင်ရှိချေ ရာ အများသုံးသော မာန်ပစ္စည်း တည်း။ လောကတွင်းသို့ လူမျိုးတစ်မျိုး တိုင်းပြည်တစ်ပြည် ဘာသာတစ်ခုခု ကိုယ်စားပြုလျက်က ၀င်ရောက်လာ … Continue reading
လက်သီးပုန်း
ပညာရှိတို့၏ ရှုတ်ချလိုရာမှဖြစ်သော အပြုံး..၊ အကြိုက်ကြီးသူတို့၏ မျိုသိပ်ထားသောအကြံ၊ အမုန်း ကြီးသူတို့၏ ကလဲ့စားချေလိုသော အတွင်းကြိတ်..ထိုအားလုံး တပ်အပ်သိ၊ သိရန်မလွယ်ကူချေ၊ သိရန် မလွယ်ကူသလောက်လည်း ခုခံပြင်ဆင်ရန် မလွယ်ကူချေ၊ ကျေနပ်သည်အထိ ရှင်းပြရန်သဘောထား ချင်းကပ်ငြိဖို့ ပြင်ဆင်ထားရန်ကား သာ၍သာ၍ပင် မလွယ်ကူချေ။ ရေအောက်ငုပ်နေသော ငါး၏ သွားရာလမ်း မှန်းဆ၍ ရကောင်းရမည်၊ မိန်းမတို့အတွင်းသဘောနှော ကြည့်က ရကောင်းရမည်၊ ထိုသို့ဆိုခဲ့ပြီးတို့၏ အတွင်းသဘောတို့ကိုကား ပညာရှိလေ ပိရိလေဖြစ်နေ သောကြောင့်လည်းကောင်း၊ အကြံကြီးလေ သိပ်သည်းလေဖြစ်နေသောကြောင့်လည်းကောင်း မည်သို့ မျှ မှန်းဆမရနိုင်။ သို့ကြောင့် … Continue reading
အစစ်အမှန်အောင်နိုင်ခြင်း
သူတစ်ပါးအပေါ် မတရားအောင်နိုင်ခြင်းမှန်သမျှ အပြင်အောင် နိုင်ခြင်း၊ အပြင်အောင်ခြင်းသည် ကြွေးမကင်း ကိုယ်တစ်လှည့် ပြန်ခံရဖို့အကြောင်းတရားဖြစ်သည်။ ကြွေးပြန်ဆပ်တဲ့အချိန်ကျတော့ အတိုးနဲ့အညွန့်နဲ့ အဆပေါင်းများစွာ ပြန်ခံရမယ်။ ဒီတော့ အပြင်မှာ တစ်ခါနိုင်တိုင်း သံသရာမှာ အကြိမ် ကြိမ်ရှုံးရလိမ့်မယ်။ လူတစ်ယောက် ကို ဒုက်္ခပေးလိုက်ရလို့ ကိုယ်က နိုင်ပြီမထင်ပါနဲ့။ ဒါသေက နိုင်သွား တာပါ။ ခိုင်းသလို လုပ်လေ ဒေါသ က ရောင့်တက်လေ။ အပြင်တစ်ခါနိုင်တိုင်း အတွင်း တစ်ခါရှုံး.. ဒီနှုန်းနဲ့ သံသရာခရီးသွားခဲ့ကြလို့ အောက်ရပ်အပါယ်ဘုံတွေမှာ ရေစုန်မျောနေတာ၊ မကြိုက်စိတ် ဒေါသဖြစ်ပေါ်လာချိန် … Continue reading