Author Archives: Mg Sein Chit

ဆုတ်ဇာတ်


လောကကြီးရှိ လူသားနှင့်သတ္တ၀ါအများတို့ ပျက်စီးရာပျက်စီးကြောင်း တီထွင်ထုတ်လုပ်နေသည့် မိစ္ဆာ ဖန်ဆင်းရှင်သမားကြီးတို့သည် (က) စိတ်က အကြံအစည်ပြုလုပ်ပေးမည်။ (ခ) ဒုတိယ ကိုယ်နှုတ် တို့က မြေလှန်စနစ်ဖြင့် သယံဇာတများ ရှာဖွေစုဆောင်းပေးကြမည်။ သို့မဟုတ် တောရှင်းမြေဆွဖြင့် ဥတုထိန်း များကို ဖယ်ရှားပစ်ကြမည်။ (ဂ) ထို့ကြောင့် မြေကြောများပျက် မြေဆီများလည်း မတက်၊ မိုးလေများက လည်း ကွက်ကျားဖြစ်လာကြတော့ကာ ဥတုအခြေမမှန် ဖြစ်လာ နေချေပြီ။ (ဃ) ဥတုမမှန်ခြင်းကြောင့် သီးနှံများ အထွက်ယုတ်လျော့ ခြင်း၊ သြဇာသတ္တိများ မပါလာတော့ခြင်းများဖြင့် ညံ့ဖျင်းလျက်ရှိနေပြီ။ … Continue reading

Leave a comment

ဒိဋ္ဌိကြိုးဖြတ်မှ လွတ်လပ်ရေးရမယ်


အ၀ိဇ္ဇာလက်အောက်မှာ သူစီမံသလိုလုပ်တဲ့ကုသိုလ်လည်း အိုဘေး၊ နာဘေး၊ သေဘေးမှာ လမ်းဆုံးတယ်။ မသာဖြစ်အောင်လုပ် တဲ့ ကုသိုလ်ဖြင့် ဘယ်ကောင်းမှာလဲ။ ဘုန်းကြီးက ဒါနပယ်တာမဟုတ်ဘူး။ ၀ဋ်ကုသိုလ်မလုပ်ပါနဲ့။ နိဗ္ဗာန်ရောက်ချင်လို့ ခန္ဓာကြီးရွံ့မုန်းလို့ လှူပါတယ်၊ တန်းပါတယ်ဆို ခန္ဓာကို ပေါင် လုပ်ပါ၊ နို့မို့ရင် ဒီမသာ မချရသေးဘူး၊ နောက်မသာ ဆုတောင်းတာက စောနေတယ်။ ဒီအသိဉာဏ်ရှိတဲ့ဘ၀မှာ “ဉာဏ်ဓား”ကို “သမာဓိကျောက်ဖျာ” ပေါ်တင်ပြီး ၀ီရိယတည်းဟူသောလက်နဲ့ မြဲမြဲကိုင်သွေးလိုက်ရင် ထက်လာပါလိမ့်မယ်၊ ဒီဉာဏ်ဓားနဲ့ ဒိဋ္ဌိကြိုးဖြတ်လိုက်ရင် လွတ်လပ်ရေးရပြီ။ လောကုတ္တရာမဂ်ဓားကိုရမယ်ဆိုရင် တစ်သံသရာလုံးချည်ထားတာကို တစ်နေ့တည်းနဲ့ တစ်စက္ကန့်တည်းနဲ့ … Continue reading

Posted in မောင်သွေးချွန် စုစည်းပူဇော်သည် | Leave a comment

လူ့အခွင့်အရေး အလကားကြေး ပေးစားမသွားနှင့်


အထက်နေ နတ်ဗြဟ္မာများသည် လူတို့ကဲ့သို့ အခြေစုခွင့်မရ၊ အလကားနေဘ၀ဖြင့် အချိန်ဆုံးရှုံးကြရ သည်။ အောက်နေ အပယ်ခံသားများတွင်လည်း ငရဲသားတို့သည် လူတို့ကဲ့သို့ အခြေပြုခွင့်မရ၊ အလကားသေဘ၀ဖြင့်ပင် အချိန်ဆုံးရှုံးကြရသည်။ တိရစ္ဆာန် ပြိတ္တာ အသူရကာယ်တို့သည်လည်း လူတို့ကဲ့သို့ အခြေပြုခွင့်မရ အလကားလေ ဘ၀ဖြင့်ပင် အချိန်ဆုံးရှုံးကြရသည်။ လူမှာမူကား တစ်ရက်နေ တစ်ရက်အခြေစုခွင့်ပြုခွင့်ရ ဘူတရုပ်များ ရှိနေကြ၏။ တစ်ခုလုပ် တစ်ခုသရုပ် သိခွင့်ကြည့်ခွင့်ရ ဉာဏ်များလည်း ထင်ရှားရှိနေကြ၏။ သို့စဉ်လျက် သူ့မိသူ့ဖတို့ကမွေးသော သားသမီး ဘကြီးနွား အလကားကျောင်းနည်းဖြင့်.. လင်ကြီးမယား အရာထား အလကားကြေး … Continue reading

Posted in မောင်သွေးချွန် စုစည်းပူဇော်သည် | Leave a comment

သခင်မျိုးစစ်စစ်


လောကဿ ဥတ္တရော လောကုတ္တရောဟူ၍ ဆိုထားလေရာ လောကထဲမှ ခွဲထွက်သွားခြင်းသည် လောကုတ်ဟူ၍ပင်၊ လူသားတိုင်း တစ်နေ့ လူ့လောကထဲမှထွက် သေဘက်သက်ကျရဦးမည်သာ။ ထိုသို့ လူ့လောကထဲမှ ခွဲထွက်ကြရာ၌ အချို့ကား လူ့ရွာလူ့ဘာသာဖြင့် လူ့ကာမဂုဏ်ကစားကွက်အကြား မိမိခန္ဓာ အရှုံးထားလျက် က လုံးပါးပါးကာ ထွက်ခွာသွားရ ရှာသည်။ အချို့ကား ကာမနွံ အကျွံမခံ ဓမ်္မလွန်တန်ပြန်ဖြင့် ကာမပေါ် ဓမ္မဖက် အနိုင်ဖြင့်ပိုင်းထွက် ထွက်ခွင့်ရသွားကြသည်။ ထိုတွင် ကာမ လောင်းကစားအကြား ကိုယ့်ကိုယ်ကိုယ် ရွေးမသွားနိုင်သူက များ၏။ ကံကြွေးဟောင်း တောင်းစား ကိုယ့်ကိုယ်ကိုယ် … Continue reading

Posted in မောင်သွေးချွန် စုစည်းပူဇော်သည် | Leave a comment

ကမ္ဘာ့ကယ်တင်ရှင်ကြီး နှစ်ဦး


မကောင်းမှုတွေကို ဟက်ဟက်ပက်ပက်ပြုတတ်တဲ့ မရှက်ခြင်း မကြောက်ခြင်းတရားနှစ်ပါးရဲ့ ဆန့်ကျင်ဘက်ကတော့ ကမ္ဘာ့သူကောင်းပြုတရားလို့ ဆိုရမယ့် ဟီရိသြတ်္တပ်္ပတရားနှစ်ပါးဖြစ်တယ်။ ဟီရိက ရှက်တာ၊ သြတ်္တပ်္ပက ကြောက်တာ၊ ဘာကိုရှက်ပြီး ဘာကိုကြောက်ရမှာလဲ။ မကောင်းမှုပြုရမှာကို ရှက်ရ ကြောက်ရမှာ၊ ဒါကြောင့် ဟီရိသြတ်္တပ်္ပဆိုတာ သုစရိုက်တရားများရဲ့ ပဲခူးဆားပဲ။ တစ်ဖက်သား အကျိုးများစေ ချင်တယ်၊ ချမ်းသာစေချင်တယ်ဆို ရင် ဒီတရားနှစ်ပါး လက်ကိုင်ထား ကြပါ။ ဒါန သီလ ဘာဝနာ ဘာပဲလုပ်လုပ် ဒီတရားနှစ်ပါးသာ ရှေ့ဆောင်လမ်းပြ၊ ဟီရိသြတ္တပ္ပတရား လက်ကိုင်ထားရင် လူလူချင်း၊ လူမျိုးအချင်းချင်း ဘာသာအချင်းချင်း … Continue reading

Posted in မောင်သွေးချွန် စုစည်းပူဇော်သည် | Leave a comment

ကမ္ဘာဖျက်လက်နက်ကြီးနှစ်ခု


လောဘ ဒေါသ မောဟ မာန စတဲ့ ကိလေသာဆယ်ပါးရဲ့ ခေါင်းဆောင်ဟာ “အဟီရိက”လို့ခေါ်တဲ့ အမှန်ကို အမှန်အတိုင်း မသိတော့ လို့ မရှက်မရွံ့နဲ့ မည်းညစ်စေတဲ့ သဘောရယ်၊ “အနောတပ်္ပ”လို့ခေါ် တဲ့ မကြောက်မလန့်နဲ့ မည်းညစ်စေတတ်တဲ့သဘောရယ်..အဲဒီ မရှက်ခြင်းမကြောက်ခြင်းဟာ ကိလေသာ ဆယ်ပါးရဲ့ ပဲခူးဆားပဲ။ ကမ္ဘာလောကကို အကျည်းတန်အောင်လုပ်နေတဲ့ ကမ္ဘာဖျက်လက်နက်ကြီး နှစ်ခုပဲ။ လောကကြီးမှာ ဖြစ်ပွားပြီး၊ ဖြစ်ပွားဆဲ၊ ဖြစ်ပွားအံ့သော ဒုစရိုက်မှန်သမျှ အဲဒီမရှက်ခြင်း၊ မကြောက်ခြင်းရဲ့ လက်ချက်တွေချည်းပဲ။ လူ လူချင်း၊ လူမျိုးအချင်းချင်း ဘာသာအချင်းချင်း၊ တိုင်းပြည် … Continue reading

Posted in မောင်သွေးချွန် စုစည်းပူဇော်သည် | Leave a comment

ဉာဏ်ကောင်းစု ဥတုမတတ်သာ


သတ္တ၀ါတိုင်း ဘ၀ကို ကံစီမံ၊ ခန္ဓာကိုကား ဥတုက ပြုပြင်ခံထားကြရရာ ကံကလည်း မသန်၊ ဥတု ကလည်း ထန်ဦးမည်ဆိုပါက ကံမကောင်း အကြောင်းမလှ အကြား ညပ်ပါသွားတော့သည်သာ၊ အကယ်တိတိ ထိုအတိတ် ပါကံကိုလက်ရှိကံဖြင့် ဖြည့်ဆောင်းဆောင်းပေးရာတွင် ကံကလည်း သမထ၀ိပဿနာ အထွတ်တင်ထားသော ဓမ္မကံဖြစ်နေမည်၊ ထိုဓမ္မကံတို့အကြား အသိဉာဏ်မဂ် ဖိုလ်ဉာဏ်များကပါ ဌာပနာအဖြစ် ပေါက်ဖွားနေဦးမည်ဆိုပါက.. ထိုလူသား ဥတုဘယ်လောက် ထန်ထန် ဥတုဒဏ် မခံရတော့ပါ။ အကယ်တိတိ သည်မျှအထိ ကံအထု ဉာဏ်စုက ဖိအားမရနိုင်သော်မှ ယနေ့ခေတ်ကို တီထွင်ပေးနေကြသော … Continue reading

Posted in မောင်သွေးချွန် စုစည်းပူဇော်သည် | Leave a comment

လူပျက်ချင်ပျက်ပစေ လူသက်တော့ မပျက်စေနှင့်


လူ့ဘ၀၏ အမြတ်ဆုံးဥစ္စာကား သဒ္ဓါတရားဟူ၍ဆိုထားရာ လူ့အသက်သည် သဒ္ဓါတရားပင်တည်း၊ လူဟူသည်ကား ကံအကျိုးပေးအရဖြစ်ပေါ်လာသော လူ့ဘ၀လူ့ခန္ဓာပင်တည်း။ ထိုသို့ လူ့ခန္ဓာနှင့် လူသက် နှစ်ချက်ရှိချေရာ လူ့ခန္ဓာ၏အစိတ်အပိုင်းများ ဖောက်ပြန်ပျက်စီးလိုက ပျက်စီးနေစေ၊ လူသက်ခေါ် ယုံကြည်ချက်သဒ္ဓါကား မပျက်စေရာ၊ သဒ္ဓါရှိနေသမျှ လူ့ဂုဏ်သတ်္တိ ဘာမဆို ပြည့်စုံစေနိုင်၏။ သဒ္ဓါမရှိက လူပုံသာရှိ လူ့ဂုဏ်သတ်္တိမရှိတော့ရကား လူ့ဗျုပ်္ပတ်နှင့် လူ့ အတ္ထုပ္ပတ် သရုပ်ဟပ်မိသည်အထိ မပြည့်စုံနိုင်။ လူ့ဗျုပ္ပတ်ကား တလွင့်လွင့် တလူလူ တံခွန်ထူလေအပင့် အထက်သို့ ၀င့်တက်နေသည်ကို ဆိုချေသည်။ လူ့အတ္ထုပ္ပတ်ကား ထိုသို့ တစ်ဆင့်ထက်တစ်ဆင့် … Continue reading

Posted in မောင်သွေးချွန် စုစည်းပူဇော်သည် | Leave a comment

အပြလောက်အတုခိုး အကျထိအတုမခိုးမိစေနှင့်


ထင်ပေါ်သူတို့၏လုပ်ရပ် လူတိုင်းလျှင် ကြည့်တတ်မြင်တတ်၏။ သို့ကြောင့် ယနေ့ ကာမစံအိမ်တို့ အတွက် ဇိမ်ခံပစ်္စည်းများ တီထွင်ထုတ်လုပ်ပေးတတ်ရာ နိုင်ငံကြီးများ၏ လုပ်ရပ်မှန်သရွေ့ တစ်ကမ်္ဘာလုံး ကပင် မျက်စိကျနေချေ၇ာ အထူးသဖြင့် လူငယ်များ သွေးပူသွမ်းသလောက် ငန်းဖမ်း အဆန်းစုံ အကုန်လိုက်လေ့ရှိကြ၏။ သူတစ်ပါးတို့ တီထွင်ထုတ်လုပ်ထားရာ ပစ္စည်းကိရိယာများဖြင့် အဆန်းစုံ အကုန်လိုက်တုနေခြင်းများသည် သူ့ပစ္စည်း အလကားကြေးဖြင့် ကြော်ငြာပေးနေသည်နှင့်လည်းတူ၏။ သို့ကြောင့် သူတစ်ပါးအတုခိုး သူတစ်ပါးပစ်္စည်းငှားဖြင့် ပွဲတိုးနေခြင်းမှန်သမျှ အလကား အငှားလိုက် ပေးနေခြင်းမျှသာ။ ထိုသို့ အတုပိုက်လျက်က အငှားလိုက်နေခြင်းများတွင် ရုပ်ပြမျှဖြစ်သော အ၀တ်အစား … Continue reading

Posted in မောင်သွေးချွန် စုစည်းပူဇော်သည် | Leave a comment

သူကောင်းဖက် သူပျက်ကြားမ၀င် သူယုတ်ကပ် သူမြတ်ဘေးပစင်


ပါပမိတ်နှင့် ကလျာဏမိတ်သည် ရွှေနှင်မစင် ပမာရှိချေရာ.. အကြင်သူသည် ကလျာဏမိတ်ကောင်း သူတော်ကောင်းနှင့်ပေါင်း မိနေလျှင် ထိုသူ့ထံ သူယုတ်မာဝင် မလာ၊ တစ်ဖန် အပြန်အားဖြင့်.. အကြင် သူသည် ပါပစိတ်ဆိုး သူယုတ်မာမျိုးတို့နှင့် ထမ်းပိုးတင် ဦးထမ်းပဲ့ထမ်းအသွင် ယှဉ်တွဲနေပါမူ ထိုသူ့ထံသို့ လည်း သူတော်ကောင်းများ အဝေးကပင် ရှောင်သွားလေရာ၏။ မီးသည် ရေအလွှမ်း အရမ်းကြောက်၏။ ရေသည်လည်း မီးအတောက် သေမလောက်ကြောက်၏။ သည့်ပမာလျှင် သူယုတ်မာ၏ နှလုံးသွေးအလျဉ်သည် သူတော် ကောင်းဓာတ် အဆွဲအငင်မြင်ရုံနှင့် ပင် တန့်နေသောကြောင့်… တစ်ဖန် … Continue reading

Posted in မောင်သွေးချွန် စုစည်းပူဇော်သည် | Leave a comment