ဘလော့ရေးသူ အမှာ
ယခု ရေးသားသော မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ သြ၀ါဒများမှာ ပေါ်ပြူလာနယူးစ်ဂျာနယ်တွင် ဖော်ပြပြီးဖြစ်ပါသည်။ သို့ ဖော်ပြပြီးဖြစ်ပါလျက် ဆရာတော်ဘုရားကြီး၏ သြ၀ါဒများကို မဖတ်ရှုလိုက်ရသော ဓမ္မမိတ်ဆွေများ အတွက် ရည်စူးကာ အင်တာနက်စာမျက်နှာပေါ်သို့ ကြည်ညိုလေးမြတ်စွာ ဖော်ပြထားခြင်းဖြစ်ပါသည်။ (ဇော်ဝင်းမောင်)ပြက္ခဒိန်
June 2023 M T W T F S S 1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 ဒါတွေလည်း ရှိသေးတယ်
စာမျက်နှာများ
လစဉ်အလိုက် သိမ်းထားမယ်
ဒီမှာလည်း ကြည့်ဦး
Category Archives: မောင်သွေးချွန် စုစည်းပူဇော်သည်
ဒိဋ္ဌိကြိုးဖြတ်မှ လွတ်လပ်ရေးရမယ်
အ၀ိဇ္ဇာလက်အောက်မှာ သူစီမံသလိုလုပ်တဲ့ကုသိုလ်လည်း အိုဘေး၊ နာဘေး၊ သေဘေးမှာ လမ်းဆုံးတယ်။ မသာဖြစ်အောင်လုပ် တဲ့ ကုသိုလ်ဖြင့် ဘယ်ကောင်းမှာလဲ။ ဘုန်းကြီးက ဒါနပယ်တာမဟုတ်ဘူး။ ၀ဋ်ကုသိုလ်မလုပ်ပါနဲ့။ နိဗ္ဗာန်ရောက်ချင်လို့ ခန္ဓာကြီးရွံ့မုန်းလို့ လှူပါတယ်၊ တန်းပါတယ်ဆို ခန္ဓာကို ပေါင် လုပ်ပါ၊ နို့မို့ရင် ဒီမသာ မချရသေးဘူး၊ နောက်မသာ ဆုတောင်းတာက စောနေတယ်။ ဒီအသိဉာဏ်ရှိတဲ့ဘ၀မှာ “ဉာဏ်ဓား”ကို “သမာဓိကျောက်ဖျာ” ပေါ်တင်ပြီး ၀ီရိယတည်းဟူသောလက်နဲ့ မြဲမြဲကိုင်သွေးလိုက်ရင် ထက်လာပါလိမ့်မယ်၊ ဒီဉာဏ်ဓားနဲ့ ဒိဋ္ဌိကြိုးဖြတ်လိုက်ရင် လွတ်လပ်ရေးရပြီ။ လောကုတ္တရာမဂ်ဓားကိုရမယ်ဆိုရင် တစ်သံသရာလုံးချည်ထားတာကို တစ်နေ့တည်းနဲ့ တစ်စက္ကန့်တည်းနဲ့ … Continue reading
သွားလျက်နှင့်မရွေ့ နေရာမှာပင် ဝေ့နေလို့
ခရီးသွားရာ၌ ဘယ်ညာဖ၀ါး အပြင်လှမ်းချင်သည်၊ လှမ်းသည်ဟူသော စိတ်နှင့်ကိုယ် အတွဲမိမှသာ သွားလိုရာခရီး ပြီးစီးနိုင်၏။ ဉာဏ်လမ်းခရီး သွားကြရာ၌လည်း သတိနှင့်အသိဟူသော စရဏ ၀ိဇ္ဇာ ဖ၀ါးနှစ်ဖြာအပြင် သဒ္ဓါ ဆန္ဒ ၀ီရိယ စသည် အဓိပတိဗိုလ် တွန်းအားများကပါ ပံ့ပိုးပေးနေမှသာ ကျင့်သလောက်သိ၊ သိသလောက် ကျင့်တို့ဖြင့် သမထ၀ိပဿနာလမ်းမှသည် နိဗ္ဗာန်နန်းသို့ တန်းမတ်စွာ ရောက်နိုင်မည်။ သို့မဟုတ်ပါပဲ အကျင့်နှင့်အသိတို့ကို ဆက်သွယ်ပေးတာဝန်ယူကြသော သဒ္ဓါ ဆန္ဒ ၀ီရိယ စသည် အဓိပတိဗိုလ်ကင်း အာရုံမှန် အကျင့်မှန် ပျက်ယွင်း နေပါသော်ကား … Continue reading
အရိုးကြား အသားမကျ အအ ဘ၀ ရောက်တတ်လှ
ရိုးသားခြင်းသည် လူ့စည်း ဘီလူးစည်း တခြား တသီးတားဆီးပေးထားရာ စည်းပမာ..၊ သူ့သိက္ခာ ကိုယ့်သိက္ခာ နှစ်ဖြာရိုး မချိုးမိရန် တားထား ချထားခြင်းပင်။ သို့တစေလည်း ကိုယ်ကျင့်သိက္ခာ စည်းခြား ထားရာ ထိုကျင့်ဝတ်ထုံးအတွင်း သတိ အသိဉာဏ်ပညာတို့ ၀င်ဆံ့ခြင်းပါရှိမှသာ အရိုးမကျိုး အဆိုးမသက် သူနှင့်ကိုယ် ယုံကြည်မှု တိုးတက်မည်။ အကယ်တိတိ.. သတိ အသိ ဦးမစီး မောဟဖောက်လျက် သူတကာအပြော၊ သူတကာအပြော၊ သူတကာအလုပ်၊ သူတကာလက်ကုတ်ရာနောက် ကောက်ကောက်ပါ လိုက်နေမိလျှင်ကား ရိုးပြအစား ရိုးအတရားက အစားထိုးဝင်ရောက်လာတတ်သည်။ မဟာဗောဓိမြိုင်ဆရာတော် … Continue reading
Posted in မောင်သွေးချွန် စုစည်းပူဇော်သည်
1 Comment
အာဏာပြင်း မငြင်းဝံ့
လောကနတ်အမည်ရသော လူဘုရင် လူမင်း အစားစားတို့သည်လည်း တဏှာသို့ အခွန်တော်ဆက်နေ ရဆဲဖြစ်ခြင်းကြောင့် အများ၌ အာဏာပြင်းသော်မှ မယားအလှနှင့်တွေ့သောအခါ အာဏာကင်းနေ တတ်ကြသည်။ တစ်ဖန် ဥပပတ် နတ်အမည်ရ နတ်မင်းများလည်း တဏှာသို့ အခွန်ဆက်နေရဆဲဖြစ်ခြင်း ကြောင့် အာဏာပြင်းရာပြင်း၊ ကင်းရာကင်းချည်းသာ။ ၀ိသုဒ်္ဓိနတ်အမည်ရသော ဘုရားရှင်သည်ကား တဏှာသတ်ပြီး ဖြစ်ခြင်းကြောင့် အာဏာပြင်း ဘာမဆို ရဲရဲဝံ့ဝံ့ ပြုကျင့်ဝံ့တော့သည် သာ။ သည့်ပမာ သတ်္တ၀ါတိုင်းတို့၌ မင်းမူနေကြသော အိုမင်းကြီး၊ နာမင်းကြီး၊ သေမင်းကြီးသုံးပါးတို့တွင်လည်း အိုမင်းနာမင်းနှစ်ပါးသည် ဆေးဝါးဒဏ်မလွန်ဆန်တတ်ခြင်း၊ သေမင်းကြီး၏ လက်ပါးစေဖြစ်နေခြင်းများ … Continue reading
လူ့အခွင့်အရေး အလကားကြေး ပေးစားမသွားနှင့်
အထက်နေ နတ်ဗြဟ္မာများသည် လူတို့ကဲ့သို့ အခြေစုခွင့်မရ၊ အလကားနေဘ၀ဖြင့် အချိန်ဆုံးရှုံးကြရ သည်။ အောက်နေ အပယ်ခံသားများတွင်လည်း ငရဲသားတို့သည် လူတို့ကဲ့သို့ အခြေပြုခွင့်မရ၊ အလကားသေဘ၀ဖြင့်ပင် အချိန်ဆုံးရှုံးကြရသည်။ တိရစ္ဆာန် ပြိတ္တာ အသူရကာယ်တို့သည်လည်း လူတို့ကဲ့သို့ အခြေပြုခွင့်မရ အလကားလေ ဘ၀ဖြင့်ပင် အချိန်ဆုံးရှုံးကြရသည်။ လူမှာမူကား တစ်ရက်နေ တစ်ရက်အခြေစုခွင့်ပြုခွင့်ရ ဘူတရုပ်များ ရှိနေကြ၏။ တစ်ခုလုပ် တစ်ခုသရုပ် သိခွင့်ကြည့်ခွင့်ရ ဉာဏ်များလည်း ထင်ရှားရှိနေကြ၏။ သို့စဉ်လျက် သူ့မိသူ့ဖတို့ကမွေးသော သားသမီး ဘကြီးနွား အလကားကျောင်းနည်းဖြင့်.. လင်ကြီးမယား အရာထား အလကားကြေး … Continue reading
သခင်မျိုးစစ်စစ်
လောကဿ ဥတ္တရော လောကုတ္တရောဟူ၍ ဆိုထားလေရာ လောကထဲမှ ခွဲထွက်သွားခြင်းသည် လောကုတ်ဟူ၍ပင်၊ လူသားတိုင်း တစ်နေ့ လူ့လောကထဲမှထွက် သေဘက်သက်ကျရဦးမည်သာ။ ထိုသို့ လူ့လောကထဲမှ ခွဲထွက်ကြရာ၌ အချို့ကား လူ့ရွာလူ့ဘာသာဖြင့် လူ့ကာမဂုဏ်ကစားကွက်အကြား မိမိခန္ဓာ အရှုံးထားလျက် က လုံးပါးပါးကာ ထွက်ခွာသွားရ ရှာသည်။ အချို့ကား ကာမနွံ အကျွံမခံ ဓမ်္မလွန်တန်ပြန်ဖြင့် ကာမပေါ် ဓမ္မဖက် အနိုင်ဖြင့်ပိုင်းထွက် ထွက်ခွင့်ရသွားကြသည်။ ထိုတွင် ကာမ လောင်းကစားအကြား ကိုယ့်ကိုယ်ကိုယ် ရွေးမသွားနိုင်သူက များ၏။ ကံကြွေးဟောင်း တောင်းစား ကိုယ့်ကိုယ်ကိုယ် … Continue reading
မီးကြောက် . . . မီးတောက် မြှောက်မရမ်းလေနှင့်
ကမ္ဘာနှင့်ချီ်၍ ဖြစ်လေ့ရှိသော ကပ်မီးသည် နီးသထက် နီးလာနေ ချေပြီ။ သံသရာနှင့်ချီ၍ ဖျက်လေ့ရှိ သော အဖျက်မီးသည်လည်း ညီးညီးပင်လောင်နေချေပြီ။ ဘ၀နှင့်ချီ၍ ကူးစက်နေသော အစွဲမီးသည် လည်း ညီးညီးပင် တောက်လောင်နေချေပြီ။ ကပ်မီးကား လောဘ ဒေါသ မောဟ လိုက်စားလွန်းအားကြီး နေခြင်းတည်း၊ အဖျက်မီးကား တဏှာ မာန ဒိဋ္ဌိတို့အကြား မိမိစိတ် ပေါက်လွှတ်ပဲစား ပစ်ထားခြင်းတည်း။ အစွဲမီးကား ဝေဒနာ တဏှာ ဥပါဒါန် တို့အကြား အာရုံလိုက်စားနေခြင်း တည်း။ ထိုမီးများ တကယ်ကြောက် အားပိုပါသည်ဆိုသော်.. … Continue reading
လူမသုံး ဘုန်းမပွင့်
မသာလည်း တ, သာလည်း တ လသော်မှ လူခြေတိတ်ဆိတ် လူနှင့်သတ္တ၀ါတို့အိပ်မောကျချိန် သာထိန်နေချေက လတန်ခိုး တန်ဖိုးပြည့်မရ၊ ဘုန်းကျက်သရေ ဂုဏ်သိန်ကင်းပ အလင်းချသဖြင့် အလဟဿအဖြစ်ဖြင့်သာ အချိန်ကုန်ရရှာသည်။ လူတို့တွင်လည်း အများတို့က အားကိုးတကြီးလိုနေ ချိန်တွင် မိမိ၏ပညာစွမ်းဖြင့် လူတို့၏ နေရာတန်း ၀င်ရောက်မထမ်းပါပဲလျက်က မလိုအပ်ချိန်မှ ၀င်ရောက် လက်ကမ်းပါသော်ကား..လူအများတို့ အားကိုးခြင်း၊ တမ်းတခြင်း၊ ၀ိုင်းဝန်းကာ အမွှန်းတင်ခြင်း၊ ၀င်ရောက် ခိုလှုံခြင်း မခံရတော့သော ကြောင့်.. မည်မျှပင် ဟိတ်ဟန်ထုတ်နေ စေ၊ ထိုဟိတ်ကား ဟိတ်ပုပ်မျှသာ၊ မည်မျှပင် … Continue reading
အိပ်သူများ ကျားဝမ်းသာ
ဗီဇသတ်္တိမှ ဇ,ပြလျက်ရှိသော ဇာတိမာန်၊ အလှ ဓန ပညာတို့မှ အားပြလျက်ရှိသော ကိလေသာ့မာန်၊ သဒ္ဓါ ဆန္ဒတို့မှ အားပြလျက်ရှိသော နေက္ခမမာန်၊ ထိုမာန်များ လူသားတိုင်းလျှင် တစ်မျိုးမဟုတ် တစ်မျိုးရှိနေကြမြဲသာ။ ထိုစဉ် အထက်မာန်နှစ်မျိုးကား ယုတ်ညံ့သောနေရာ၌ ဖြစ်ရသောကြောင့် ဟိနမာန်၊ အောက်ဆုံးအမျိုးကား မြင့်မြတ်သောနေရာ၌သာ ဖြစ်လေ့ရှိသောကြောင့် ပဏီတမာန်၊ တစ်ဖန် ဇာတိမာန်ကား လူ မဆိုထားဘိ တိရစ်္ဆာန်များပင်ရှိချေ ရာ အများသုံးသော မာန်ပစ္စည်း တည်း။ လောကတွင်းသို့ လူမျိုးတစ်မျိုး တိုင်းပြည်တစ်ပြည် ဘာသာတစ်ခုခု ကိုယ်စားပြုလျက်က ၀င်ရောက်လာ … Continue reading
အစစ်အမှန်အောင်နိုင်ခြင်း
သူတစ်ပါးအပေါ် မတရားအောင်နိုင်ခြင်းမှန်သမျှ အပြင်အောင် နိုင်ခြင်း၊ အပြင်အောင်ခြင်းသည် ကြွေးမကင်း ကိုယ်တစ်လှည့် ပြန်ခံရဖို့အကြောင်းတရားဖြစ်သည်။ ကြွေးပြန်ဆပ်တဲ့အချိန်ကျတော့ အတိုးနဲ့အညွန့်နဲ့ အဆပေါင်းများစွာ ပြန်ခံရမယ်။ ဒီတော့ အပြင်မှာ တစ်ခါနိုင်တိုင်း သံသရာမှာ အကြိမ် ကြိမ်ရှုံးရလိမ့်မယ်။ လူတစ်ယောက် ကို ဒုက်္ခပေးလိုက်ရလို့ ကိုယ်က နိုင်ပြီမထင်ပါနဲ့။ ဒါသေက နိုင်သွား တာပါ။ ခိုင်းသလို လုပ်လေ ဒေါသ က ရောင့်တက်လေ။ အပြင်တစ်ခါနိုင်တိုင်း အတွင်း တစ်ခါရှုံး.. ဒီနှုန်းနဲ့ သံသရာခရီးသွားခဲ့ကြလို့ အောက်ရပ်အပါယ်ဘုံတွေမှာ ရေစုန်မျောနေတာ၊ မကြိုက်စိတ် ဒေါသဖြစ်ပေါ်လာချိန် … Continue reading