Category Archives: မောင်သွေးချွန် စုစည်းပူဇော်သည်

ကမ္ဘာ့ကယ်တင်ရှင်ကြီး နှစ်ဦး


မကောင်းမှုတွေကို ဟက်ဟက်ပက်ပက်ပြုတတ်တဲ့ မရှက်ခြင်း မကြောက်ခြင်းတရားနှစ်ပါးရဲ့ ဆန့်ကျင်ဘက်ကတော့ ကမ္ဘာ့သူကောင်းပြုတရားလို့ ဆိုရမယ့် ဟီရိသြတ်္တပ်္ပတရားနှစ်ပါးဖြစ်တယ်။ ဟီရိက ရှက်တာ၊ သြတ်္တပ်္ပက ကြောက်တာ၊ ဘာကိုရှက်ပြီး ဘာကိုကြောက်ရမှာလဲ။ မကောင်းမှုပြုရမှာကို ရှက်ရ ကြောက်ရမှာ၊ ဒါကြောင့် ဟီရိသြတ်္တပ်္ပဆိုတာ သုစရိုက်တရားများရဲ့ ပဲခူးဆားပဲ။ တစ်ဖက်သား အကျိုးများစေ ချင်တယ်၊ ချမ်းသာစေချင်တယ်ဆို ရင် ဒီတရားနှစ်ပါး လက်ကိုင်ထား ကြပါ။ ဒါန သီလ ဘာဝနာ ဘာပဲလုပ်လုပ် ဒီတရားနှစ်ပါးသာ ရှေ့ဆောင်လမ်းပြ၊ ဟီရိသြတ္တပ္ပတရား လက်ကိုင်ထားရင် လူလူချင်း၊ လူမျိုးအချင်းချင်း ဘာသာအချင်းချင်း … Continue reading

Posted in မောင်သွေးချွန် စုစည်းပူဇော်သည် | Leave a comment

ကမ္ဘာဖျက်လက်နက်ကြီးနှစ်ခု


လောဘ ဒေါသ မောဟ မာန စတဲ့ ကိလေသာဆယ်ပါးရဲ့ ခေါင်းဆောင်ဟာ “အဟီရိက”လို့ခေါ်တဲ့ အမှန်ကို အမှန်အတိုင်း မသိတော့ လို့ မရှက်မရွံ့နဲ့ မည်းညစ်စေတဲ့ သဘောရယ်၊ “အနောတပ်္ပ”လို့ခေါ် တဲ့ မကြောက်မလန့်နဲ့ မည်းညစ်စေတတ်တဲ့သဘောရယ်..အဲဒီ မရှက်ခြင်းမကြောက်ခြင်းဟာ ကိလေသာ ဆယ်ပါးရဲ့ ပဲခူးဆားပဲ။ ကမ္ဘာလောကကို အကျည်းတန်အောင်လုပ်နေတဲ့ ကမ္ဘာဖျက်လက်နက်ကြီး နှစ်ခုပဲ။ လောကကြီးမှာ ဖြစ်ပွားပြီး၊ ဖြစ်ပွားဆဲ၊ ဖြစ်ပွားအံ့သော ဒုစရိုက်မှန်သမျှ အဲဒီမရှက်ခြင်း၊ မကြောက်ခြင်းရဲ့ လက်ချက်တွေချည်းပဲ။ လူ လူချင်း၊ လူမျိုးအချင်းချင်း ဘာသာအချင်းချင်း၊ တိုင်းပြည် … Continue reading

Posted in မောင်သွေးချွန် စုစည်းပူဇော်သည် | Leave a comment

ဉာဏ်ကောင်းစု ဥတုမတတ်သာ


သတ္တ၀ါတိုင်း ဘ၀ကို ကံစီမံ၊ ခန္ဓာကိုကား ဥတုက ပြုပြင်ခံထားကြရရာ ကံကလည်း မသန်၊ ဥတု ကလည်း ထန်ဦးမည်ဆိုပါက ကံမကောင်း အကြောင်းမလှ အကြား ညပ်ပါသွားတော့သည်သာ၊ အကယ်တိတိ ထိုအတိတ် ပါကံကိုလက်ရှိကံဖြင့် ဖြည့်ဆောင်းဆောင်းပေးရာတွင် ကံကလည်း သမထ၀ိပဿနာ အထွတ်တင်ထားသော ဓမ္မကံဖြစ်နေမည်၊ ထိုဓမ္မကံတို့အကြား အသိဉာဏ်မဂ် ဖိုလ်ဉာဏ်များကပါ ဌာပနာအဖြစ် ပေါက်ဖွားနေဦးမည်ဆိုပါက.. ထိုလူသား ဥတုဘယ်လောက် ထန်ထန် ဥတုဒဏ် မခံရတော့ပါ။ အကယ်တိတိ သည်မျှအထိ ကံအထု ဉာဏ်စုက ဖိအားမရနိုင်သော်မှ ယနေ့ခေတ်ကို တီထွင်ပေးနေကြသော … Continue reading

Posted in မောင်သွေးချွန် စုစည်းပူဇော်သည် | Leave a comment

လူပျက်ချင်ပျက်ပစေ လူသက်တော့ မပျက်စေနှင့်


လူ့ဘ၀၏ အမြတ်ဆုံးဥစ္စာကား သဒ္ဓါတရားဟူ၍ဆိုထားရာ လူ့အသက်သည် သဒ္ဓါတရားပင်တည်း၊ လူဟူသည်ကား ကံအကျိုးပေးအရဖြစ်ပေါ်လာသော လူ့ဘ၀လူ့ခန္ဓာပင်တည်း။ ထိုသို့ လူ့ခန္ဓာနှင့် လူသက် နှစ်ချက်ရှိချေရာ လူ့ခန္ဓာ၏အစိတ်အပိုင်းများ ဖောက်ပြန်ပျက်စီးလိုက ပျက်စီးနေစေ၊ လူသက်ခေါ် ယုံကြည်ချက်သဒ္ဓါကား မပျက်စေရာ၊ သဒ္ဓါရှိနေသမျှ လူ့ဂုဏ်သတ်္တိ ဘာမဆို ပြည့်စုံစေနိုင်၏။ သဒ္ဓါမရှိက လူပုံသာရှိ လူ့ဂုဏ်သတ်္တိမရှိတော့ရကား လူ့ဗျုပ်္ပတ်နှင့် လူ့ အတ္ထုပ္ပတ် သရုပ်ဟပ်မိသည်အထိ မပြည့်စုံနိုင်။ လူ့ဗျုပ္ပတ်ကား တလွင့်လွင့် တလူလူ တံခွန်ထူလေအပင့် အထက်သို့ ၀င့်တက်နေသည်ကို ဆိုချေသည်။ လူ့အတ္ထုပ္ပတ်ကား ထိုသို့ တစ်ဆင့်ထက်တစ်ဆင့် … Continue reading

Posted in မောင်သွေးချွန် စုစည်းပူဇော်သည် | Leave a comment

အပြလောက်အတုခိုး အကျထိအတုမခိုးမိစေနှင့်


ထင်ပေါ်သူတို့၏လုပ်ရပ် လူတိုင်းလျှင် ကြည့်တတ်မြင်တတ်၏။ သို့ကြောင့် ယနေ့ ကာမစံအိမ်တို့ အတွက် ဇိမ်ခံပစ်္စည်းများ တီထွင်ထုတ်လုပ်ပေးတတ်ရာ နိုင်ငံကြီးများ၏ လုပ်ရပ်မှန်သရွေ့ တစ်ကမ်္ဘာလုံး ကပင် မျက်စိကျနေချေ၇ာ အထူးသဖြင့် လူငယ်များ သွေးပူသွမ်းသလောက် ငန်းဖမ်း အဆန်းစုံ အကုန်လိုက်လေ့ရှိကြ၏။ သူတစ်ပါးတို့ တီထွင်ထုတ်လုပ်ထားရာ ပစ္စည်းကိရိယာများဖြင့် အဆန်းစုံ အကုန်လိုက်တုနေခြင်းများသည် သူ့ပစ္စည်း အလကားကြေးဖြင့် ကြော်ငြာပေးနေသည်နှင့်လည်းတူ၏။ သို့ကြောင့် သူတစ်ပါးအတုခိုး သူတစ်ပါးပစ်္စည်းငှားဖြင့် ပွဲတိုးနေခြင်းမှန်သမျှ အလကား အငှားလိုက် ပေးနေခြင်းမျှသာ။ ထိုသို့ အတုပိုက်လျက်က အငှားလိုက်နေခြင်းများတွင် ရုပ်ပြမျှဖြစ်သော အ၀တ်အစား … Continue reading

Posted in မောင်သွေးချွန် စုစည်းပူဇော်သည် | Leave a comment

သူကောင်းဖက် သူပျက်ကြားမ၀င် သူယုတ်ကပ် သူမြတ်ဘေးပစင်


ပါပမိတ်နှင့် ကလျာဏမိတ်သည် ရွှေနှင်မစင် ပမာရှိချေရာ.. အကြင်သူသည် ကလျာဏမိတ်ကောင်း သူတော်ကောင်းနှင့်ပေါင်း မိနေလျှင် ထိုသူ့ထံ သူယုတ်မာဝင် မလာ၊ တစ်ဖန် အပြန်အားဖြင့်.. အကြင် သူသည် ပါပစိတ်ဆိုး သူယုတ်မာမျိုးတို့နှင့် ထမ်းပိုးတင် ဦးထမ်းပဲ့ထမ်းအသွင် ယှဉ်တွဲနေပါမူ ထိုသူ့ထံသို့ လည်း သူတော်ကောင်းများ အဝေးကပင် ရှောင်သွားလေရာ၏။ မီးသည် ရေအလွှမ်း အရမ်းကြောက်၏။ ရေသည်လည်း မီးအတောက် သေမလောက်ကြောက်၏။ သည့်ပမာလျှင် သူယုတ်မာ၏ နှလုံးသွေးအလျဉ်သည် သူတော် ကောင်းဓာတ် အဆွဲအငင်မြင်ရုံနှင့် ပင် တန့်နေသောကြောင့်… တစ်ဖန် … Continue reading

Posted in မောင်သွေးချွန် စုစည်းပူဇော်သည် | Leave a comment

တရားပျက် လူသက်တက်တက်စင်


တရားဟူသည် သဘာဝ သက်သက်၊ သဘောမျှဟူ၍ အဓိပ်္ပာယ်ထွက်ရာ ဒုက္ခသမုဒယဆောင်းသော မကောင်းသဘောလည်း တရားကြော ပေါလောပါဝင်၏။ မဂ္ဂနိရောဓဆောင်းသော ကောင်းသဘောလည်း တရားကြော ရောနှောပါဝင်၏။ သို့ဖြစ်ရာ မကောင်းတရားကား အမေ့သိဖြင့် ငြိနေသော တိရစ္ဆာန်သုံးတရားကောင်းတရားသည်သာ မမေ့သိဖြင့် အငြိပယ်ဖျင်သော လူသုံး တရား ယနေ့ လူ့ဘ၀ ၀င်ခွင့်ရထား သူများ မမေ့တရား အထားပျက် မေ့ တရားကသာ ကြားစွက်၍ အ၀င်ခံ နေချေသော် တစ်ချက်မေ့ တစ်ကွက် လူသက်ပျက် တိရစ္ဆာန်တို့ဘက် သူ့စိတ်စင် ထွက်သွားတော့သည်။ မေ့လျက်ကသိသောအသိ … Continue reading

Posted in မောင်သွေးချွန် စုစည်းပူဇော်သည် | Leave a comment

ဘ၀ကျွမ်း


လူတွေဟာ အပူထဲမှာနေပြီး အပူကိုပဲ ရှာနေကြ၊ မျှော်နေကြတယ်။ စိတ်ဟာ အာရုံတစ်ခုခုကို မျှော်နေတတ်တယ်။ အဲဒီမှာ သူ့ အာရုံကိုယ့်လာဟပ်၊ ကိုယ့်အာရုံကလည်း သူ့သွားဟပ်နဲ့ အဟပ်အစပ် တည့်သွားပြီဆိုတာနဲ့ အပူစတော့တာပဲ။ ချစ်ကျွမ်းဝင်တယ်လို့ စကားလှအောင်သုံးထားပေမယ့် ကျွမ်းပြီ ဆိုမှတော့ ပြာကျဖို့ပဲရှိတော့တယ်။ အလောင်ကြမ်းတော့ ဘ၀ကျွမ်းရပြီ။ တစ်ဦးနှင့်တစ်ဦး လိုလားခြင်း၊ မိတ်ဖွဲ့ခြင်း အပေးအယူလုပ်ခြင်း၊ သဘောတူကြည်ဖြူခြင်းဆိုတဲ့ ကံမီးတွေ လောင်ရာကကျွမ်း ကုန်ရာကခန်းရပါလေရော။ တကယ်လို့များ ကံမီးအစား ဈာန်မီးကိုသာ အကျွမ်းဝင်ခဲ့မယ်ဆိုရင် သွေးသားမခန်း လူမကျွမ်းဘဲ ကံမီးကိုသာ ကျွမ်းစေပါလိမ့်မယ်။ ဈာန်ဆိုတာ … Continue reading

Posted in မောင်သွေးချွန် စုစည်းပူဇော်သည် | Leave a comment

သီးမှည့်နှင့်အကင်း ခရီးချင်းမပြိုင်နှင့်


လူကြီးမား သူကြီးမားများ သည် အသိအလိမ်္မာ ဉာဏ်ပညာ ကြီးမားသော်လည်း ကျလူနေရာ ရောက် ကျခေတ်ထောက်နေပြီ။ ကလေး ကာလသားများ သည်ကား အသိဉာဏ်မကူ သွေး ဆောင်ရာ အကူဝင်နေသူများဖြစ် ကြသော်လည်း တက်လူနေရာဝင် တက်ခေတ်ပြင်ဆင်နေကြပြီ။ သို့ဖြစ် ရာ.. အဆင်းနှင့်အတက် စနစ်ချင်း မပြိုင်မိကြစေရာ၊ အဆင်းနှင့်အတက် ငြင်းကွက် များ မဖော်မိစေရာ၊ အကယ်တိတိ အပြိုင်ပေါ် အဖော်ဆင့်ခဲ့ပါမူ အကြီးကား ငြင်းရင်းက ကြွေ၊ တင်းရင်းကပင် အခွေခံကြရ မည်သာ။ မဟာဗောဓိမြိုင်ဆရာတော် ၁၃၆၅ ၀ါခေါင်လဆန်း … Continue reading

Posted in မောင်သွေးချွန် စုစည်းပူဇော်သည် | Leave a comment

ဓားဟောင်းပေး သွေးပြီးမှကိုင်


အတိတ်က ဒါနရိက္ခာ ပါမလာ သောသူ လက်ရှိဘ၀ ကာမစည်းစိမ် ခံစားရာ၌ ဘ၀ပေး နုံချာမည် မုချ တည်း။ အတိတ်က သီလရိက္ခာ ပါမလာသူ လက်ရှိဘ၀ ကျန်းမာ ရေး နုံချာမည် ဧကန်တည်း။ အတိတ်က ဘာဝနာရိက္ခာ ပါမလာသူကား လက်ရှိဘ၀၌ ပညာရေး နုံချာနေမည် လက်တွေ့ တည်း။ ထိုသုံးဦး ကန်နိမ့်ကို မြှင့်တင် ပေးမှသာ ရေတင်များ ရေအား ကောင်းကောင်းသုံးရဘိသို့လည်း ကောင်း၊ ကန်ပေါက်ကို ဖာထေး ပေးမှသာ ထားရာရေ အနေကျ … Continue reading

Posted in မောင်သွေးချွန် စုစည်းပူဇော်သည် | Leave a comment