အလုပ်တရား


မောင်သွေးချွန် ပေးပို့ပူဇော်သည် ဘယ်နေရာမဆို လူကြီးလုပ် တယ်၊ ခေါင်းဆောင်တယ်ဆိုတာ Óာဏ်နဲ့ကရုဏာတွဲပြီး လုပ်ကိုင်ဆုံး ဖြတ်ရတယ်။ Óာဏ်သာရှိပြီး ကရု ဏာမရှိဘဲဆုံးဖြတ်ရင်လည်း အောက် လူတွေအပေါ်မှာ ရက်စက်ရာကျ တယ်။ ကရုဏာသာရှိပြီး Óာဏ်မပါ ရင်လည်း ဆုံးရှုံးပျက်စီးမှုတွေနဲ့ ကြုံ တွေ့ရတတ်တယ်။ ဒါ့ကြောင့် ခေါင်း ဆောင်တစ်ယောက်ဟာ Óာဏ်နဲ့ ကရုဏာတွဲပြီး အမြဲတမ်းလုပ်ကိုင် ဆောင်ရွက်ရတယ်။ အလုပ်လုပ်လျှင် မပျင်းနဲ့။ ပျင်းရင် ပိုပင်ပန်းတယ်။ အလုပ်ကို စိတ်ပါပါလုပ်ရင် မပျင်းဘူး၊ ပန်းလည်းမပန်းဘူး။ အောင်မြင်မှုကို လိုချင်ရင် အလုပ်ကို မကြောက်နဲ့။ အောင်မြင်မှုနဲ့အလုပ်က တွဲနေတယ်။ မှန်တာလုပ်ရင် မှန်တာဖြစ်မှာပဲ။ သာသနာ့ဘုန်းကံရှိတယ်။ ဘာမှ တွေးပြီးပူစရာမလိုဘူး။ ကိုယ့်အလုပ် ကိုယ် မှန်မှန်လုပ်။ အလုပ်ကို အြေ<ွကး မထားနဲ့။ အလုပ်ကို အြေ<ွကးထား ခြင်းဟာ နောင်တစ်ချိန်မှာ တိုးတက် အောင်မြင်ခြင်းရဲ့ ရန်တစ်ခုပဲ။ အချိန် ရှိတုန်း အလုပ်ကြိုးစား၊ အချိန်နှောင်း သွားရင် ဘာမှလုပ်လို့မရတော့ဘူး။ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက အရှင်သုမင်္ဂလာလင်္ကာရ (ဏ့.ီ) (၁၃ဝ၈-၁၃၆၈)

Leave a comment