ဉေယျဓမ္မ သုတ္တန်


ဉေယျော ဓမ္မော ဇာနောနာမ၊ ဣနောနာမ၊ ဣမေပဉ္စက ဝိဉေယျာ
သင်္ခါရာ လက္ခဏာစေဝ၊ ဝိကာရေနစ ပဥတ္ထံ
နိဗ္ဗာနံ ကာရကော တေသံ၊ ဝိအဇံ ပဋိဝေဓေန။
ဉေယျောဓမ္မော – ဉေယျငါးတန် တရားမှန်ကို၊ ဇာနော နာမ-သိသူမည်သည်ကား၊ ဣမေပဉ္စကာ – ဤငါးပါး အပေါင်း တို့ကို၊ ဝိဉေယျာ – သတိတွင် အသိကပ် ခန္ဓာခွင် ဒြပ်ရှိ ပရမတ်ဆတ်ဆတ်ကို သိတတ်ကြကုန်ရာသည်။
ပဉ္စကာ – ငါးခုပေါင်းဆိုသည်တို့ကား..
ကတမာနိ – အဘယ်သည်တို့ပါနည်း။
သင်္ခါရာစ – ကံ စိတ် ဥတု အာဟာရ လေးဌာနတို့၏ ပြုပြင်ပေးနေခြင်းတို့လည်းကောင်း၊
လက္ခဏာစေဝ – လက္ခဏာရုပ်ကွက် လက္ခဏာအချက် တို့လည်းကောင်း၊
ဝိကာရေနစ – ဝိကာရရုပ်ကွက် အထူးပြုပေးနေသော အချက်လည်းကောင်း၊
ပဥတ္တံစ – ပရမတ်တစ်ခုထွက် ပညတ်ချက်တစ်ခုလည်း ထွက်နေခြင်းလည်းကောင်း၊
နိဗ္ဗာနံစ – အချုပ်အစပ် ပြတ်စဲပြုပြင်မှုတို့ ခွာရှဲသွားခြင်း လည်းကောင်း၊
တေသံ – ထိုငါးခင်းတို့၏၊ ကာရကော – အကြောင်း ချင်းတတို့ကို ပဋိဝေဓေန – ထိုးထွင်းသောဟန် ပဋိဝေဓÓဏ် ဖြင့်၊ ဝိဘဇံ – ဝေဖန်ပိုင်းခြားလျက်က၊ ဝိဉေယျာ – သိတတ် မြင်တတ်ခြင်းတို့ပေတည်း။
ဘုရားရှင်၏ ကိုယ်ပိုင်ပစ္စည်းများ
ဉေယျသည် သိပိုင်ခြင်း Óဏ်အရာကို ကိုယ်စားပြု၏။
ဓမ္မသည် သိအပ်သိရာသည့် သဘောသဘာဝ အားလုံး ကိုလျှင် ကိုယ်စားပြု၏။ သို့ကြောင့် ဉေယျဓမ်သည် သိကောင်းသိရာသော အရာအားလုံးကိုလျှင် သိပိုင်ခြင်း၏ တင်စားအမည်တစ်ခုသာတည်း။ ထိုတွင်…
(က)    ဓမ္မ၏ သိအပ်ရာရာသဘောသဘာဝဓမ္မတာ သည် များပြားလှချေ၏။ လောကသုံးပါးအတွင်းရှိ သဘော သဘာဝများ၊ ဘုံပုဂ္ဂိုလ်စိတ်တို့၏ အတွင်းရှိသဘောသဘာဝ များ၊ ဘုံပုဂ္ဂိုလ်စိတ်တို့၏ အလွတ်ရှိ သဘောသဘာဝများ စသည် အားလုံးပင် ပါဝင်၏။ သို့တစေလည်း ယင်းတို့သည် ဤဉေယျဓမ်တရားငါးပါးအတွင်း၌သာ အကျုံးဝင်၏၊ ဤ တရားငါးပါးအတွင်းဝယ် ဌာပနာထားပြီးဖြစ်၏။
(ခ)    ဉေယျ၏ သိတတ်ရာရာ သဘောသဘာဝဓမ္မ တာသည်လည်း များပြား၏။ ဝေနေယျတို့နှင့်တန်ရုံသော ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်၊ ဗောဓိပက္ခိယတရား သုံးဆယ့်ခုနစ်ပါး၊ မဂ္ဂင်ရှစ်ပါး၊ သိက္ခာသုံးပါး စသည်အားလုံး ပါဝင်၏။ သို့တစေလည်း..
ယင်းတို့သည် ဤသိမှုတစ်ခုတည်း၌သာ အကျုံးဝင်၏။ ဤသိမှုတစ်ခု၏အတွင်းမှာပင် ဌာပနာထားပြီးဖြစ်၏။ သို့ောကာင့် ဤဉေယျဓမ်သည် ဘုရားရှင်၏ Óဏ်ကျက်စား ရာဆိုက မမှားတန်ရာပြီ။ နောက်လိုက်တပည့်တို့ တစိုးတစိ မြည်းကြည့်စမ်းကြည့်ရုံမျှလောက်သာ။
ဤ၌ကား ထိုဉေယျတရားငါးပါးတို့ကို မိမိÓဏ်အမြင် သန်သလောက်ကလေးဖြင့်..
(က)    သင်္ခါရတို့ကို ပန်းပုသမား အရုပ်ထုလုပ်စားသည့်ပမာ ထင်ဟပ်ပြမည်၊
(ခ)    ဝိကာရတို့ကို ဆေးခြယ်သမား အရောင်သွင်းသည့်ပမာ ထင်ဟပ်ပြမည်၊
(ဂ)    လက္ခဏာတို့ကို ကပွဲဝင်အရုပ်ကလေး ပြေးလွှားနေ သည့်ပမာ ထင်ဟပ်ပြမည်၊
(ဃ)    ပညတ်တို့ကို ဇာတ်လမ်းဇာတ်ကွက် တင်ဆက်နေသည့် ပမာ ထင်ဟပ်ပြမည်၊
(င)    နိဗ္ဗာန်ကိုကား အရုပ်ဆွေး၍ မြေသို့ချကျွေးလိုက်ရသည် ပမာ ထင်ဟပ်ပြမည်။
သည်မျှဆိုသော် ဉေယျဓမ်၏ သရုပ်ဖော်ထုတ်မှု လုံလောက်ကြရာသည်။
ပန်းပုဆရာသည် တောကိုဝင်၍ အရုပ်ထုချင်စရာ သစ်သားကိုရှာ၏။ သစ်သားသည်ကား ဗီဇနှင့် မိုးမြေဆီကို နှိုး၍ တိုးဝင်မိရာမှ အလိုလိုပေါက်လာသော သဘာဝမြေ ပေါက်သားမျှသာ။
ထိုသစ်သား ပန်းပုဆရာ့လက် ရောက်ရှိသွားသောအခါ ပထမသစ်သား၏ တည်နေဟန်ကိုကြည့်၍ စိတ်ကူး၏ ဆင်မြင်းရုပ်စု ထုရကောင်းမလား၊ လူရုပ် ထုရကောင်းမလား စသည်..
ထို့နောက် လူရုပ်ထုရန် ဆုံးဖြတ်လိုက်၏။ လူဟန် လူသဏ္ဌာန်ပုံတူထု၏။ ဒုတိယလူုံတူ ထုရင်းကပင် ယောက်ျား ပုံထုရကောင်းမလား၊ မိန်းမပုံထုရ ကောင်းမလား စိတ်ကူး ထည့်ပြန်၏။ စိတ်ဝယ် မိန်းမပုံကလေး ရေးရေးမျှထင်လာရာ မိန်းမစိတ်ဖြင့် ဆက်လက်ထု၏။ မိန်းမပုံဟန် မိန်းမသဏ္ဌာန် ကား ပေါ်လွင်လာချေပြီ။
ထို့နောက် အစာကျွေးဆေးခြယ်၏။ အသားနေရာ အသား၊ မျက်ခုံးနေရာ မျက်ခုံး၊ မျက်လုံးနေရာ မျက်လုံး၊ မိန်းမတစ်ကိုယ်လုံးနှင့် ချွတ်စွပ်တူပင်။
နောက်ဆုံး အပူအအေးပေး အရောင်တင် ဆေးသွင်း အဝတ်တန်ဆာဆင်ယင်ခြင်းဖြင့် လက်စသတ်လိုက်ရာ..
ဟော..ယမင်းရုပ်ကလေးတစ်ရုပ် ပွဲထုတ်၍ရလာပြီ ကော။
ဤသို့ဖြင့် ပန်းပုဆရာသည် တပည့်လက်သားစုံလင်စွာ တို့ဖြင့် ရုပ်သေးစင်တစ်စင်ထောင် ကပြနိုင်လေအောင် ရုပ်စုံ နှစ်ဆယ့်ရှစ်မျိုး ကြိုးစား၍ ထုလုပ်ပေးခဲ့ရာ ကကြိုးစုံစွာ ရုပ်စုံ မဟာသဘင်ကြီးတစ်ဖွဲ့ ဖွဲ့စည်း၍ ရခဲ့ချေပြီ။
ဤလောက အပျော်ကြိုက်သူတို့ ရှိနေသမျှ ကြိုးဆွဲတို့ အရုပ်ချ ကပြမည်။
ဤလောက ကြိုးဆွဲဆရာတို့ အရုပ်ချ ကပြနေသမျှ ပွဲကြည့်သမတို့လည်း လာကြမည်။ ထိုထိုဤဤ ကြည်စရာ ရယ်စရာ အပြောအဆို အငို အလွမ်း ဇာတ်လမ်းလေးများဖြင့် ကြည့်သူတို့ အဟုတ်ထင် သရုပ်ဝင်အောင်လည်း မိုးအလင်း ကပြမည်။ အာရုံတိတ်ဆိတ် တစ်ဖက်သို့ စိတ်မထွက်စေ သော ညရိုးတစ်လျှောက် ပြလိုရာ ဒိုးဒိုးဒေါက်တို့ဖြင့် ဗျောခေါက်သည်အထိလည်း ဇာတ်စုံခင်းကျင်းမည်။ မိုး အလင်း နေအထွက် ပြင်ပလောကကြီး အသက်ဝင်လာ သောအခါ ရုပ်စုံကပွဲကြီးကား ပွဲသိမ်းပြီတည်း။
သင်္ခါရတို့၏ ပြုပြင်မှုကို ခံယူရရှိခြင်း
ကမ္မံ သတ္တေ ဝိဘဇ္ဇတိ
သတ္တဝါတို့ကို ကံကသာ ပြုစီမံ၏။
စင်စစ် ကံအကြောင်းတရားတို့သည် သတ္တဝါတို့၏ ဖန်ဆင်းရှင်တည်း။
ကံက ပြုစီရင်သည်ဆိုသော်လည်း…
သံသရာဘဝဇာတ် အထပ်ထပ်ပတ်၍ ကပြပြီးသော သူ၌ ကံ၏ ရှေ့နောက်ဝယ် စိတ်၏ အကူအထောက်ကား ပါစမြဲသာ။ သို့ကြောင့် ပဋိစ္စသမုပ္ပာဒ်၏အတိတ်အကြောင်း ခံငါးပါးကို ဖော်ထုတ်ရာ၌ အဝိဇ္ဇာ တဏှာ ဥပါဒါန် ကံ ဝိÓဉ် ဟူ၍ ကံနှင့်စိတ် နှစ်ခုချိတ်၍ အတိတ်ဆောင်ပြခြင်းမဟုတ် လော။
ကံသည် လူဖြစ်ရန် ရှေးရှု လူမျိုးစေ့ကောင်းမှုကိုပြု၏။
စိတ်သည် နောက်တစ်ခါလူဖြစ်လျှင် ကောင်းနိုးနိုး လူဖြစ်ရကျိုးမျှော်ကိုး၏။ ဤကား ရှေးအတိတ်ဆီက ပြုစီမံ ခဲ့သော ကံစိတ်တို့၏ ဝတ္ထရားတည်း။
သတ္တဝါသည် ဘဝတစ်ခုပျက်လုနီး ဘဝခရီးဆက် တော့မည်ပြုသော် သည်ဘဝကဖြစ်စေ နောက်နောက်တို့က ဖြစ်စေ ပြုစီရင်ခဲ့ဖူးပြီးသော ကောင်းကံ ဆိုးကံ ထိုနှစ်တန် တို့ကို လှန်၍ပြန်၍ နိမိတ်အဖြစ် စားမြုံ့ပြန်လေ့ရှိ၏။ ထိုစဉ် အားအသေးအကြီး လိုက်လျက်က ဆက်တိုက်ထင်မြင်လာ တတ်မြဲဖြစ်ရာ…
ကံအားကြီးတို့ အထင်ဖြင့် ဝင်လာပြီ။ သို့သော် အသက် ကား ငင်ဆဲ။ အင်း..သည်ကံနှင့် ဒင်းမထိုက် သည်ကံ နောက် ဒင်းမလိုက်နှင့်ဦး။
သို့နှင့်…
ပြုကျင့်ခဲ့ပြီး ကံတို့ကလည်း အရင်ရောက်သူ အရင်ဝင် စနစ်ဖြင့် တစ်ခုပြီးတော့ နောက်တစ်ခု နောက်တစ်ခု ရွေးမကောက်မချင်း လုဝင်နေဆဲ ဝင်ဆဲ အသက်ကလည်း သည်ဘဝနှင့် အဆက်ဖြတ်လိုက်လေသောအခါ..
နောက်ဆုံး ထင်နိမိတ်သည် လာမည့်ဘဝ၏ အလှည့်ရ ကံတရားတည်း။ ထိုနောက်ဆုံး နိမိတ်ကပင် ရှေ့ဝယ်သွား ရောက်ကာ လားရမည့်ဘဝအကျိုးပေးကို ရေးရေးမျှ ရေးဆွဲ ပြ၏။ ထိုအကျိုးပေး၏ဘက် စိတ်တွေးကလေးက ပေး၍ နှစ်သက်လိုက်မိသည်နှင့် သည်ဘဝအဆက်ပြတ် ရှေ့ဘဝ သို့ ကပ်လိုက်မိပြီ။
ကံပြုစဉ်က ထားရှိသော စိတ်က ရှေ့ဘဝ နောက်ဘဝ တွဲချိတ်ပေးလိုက်သည်။
ကံကိုယုံ၍ ကံဘုံခိုလှုံလိုသော စိတ်အား တဏှာလက် သမားက ရင်းစားပေးလိုက်သည်။ ဤ၌ ရှေ့ဘဝနောက်ဘဝ ခေါ်သော ရှေ့ဖြစ်စဉ်နှင့် နောက်ဖြစ်စဉ်တို့ကို ဆက်စပ် ပေးရာရောက်သော ဂတိနိမိတ်အပေါ် စိတ်အာရုံပြုထားခြင်း ကိုပင် ပဋိသန္ဓေ(ရှေ့နှင့်နောက် ဆက်စပ်ပေးခြင်း) စိတ် ဆိုရ၏။
ထိုနောက်ရ ဘဝကဲ့သို့သော ဂတိနိမိတ်ကို ရှုသိရင်းက နှစ်သက်စိတ်ပြတပ်မက်မှုဘာဝကိုကား ဝါနခေါ် (ရှေ့ နှုတ်ခမ်းသတ်နှင့် နောက်နှုတ်ခမ်းသတ် ထပ်လျက်က ချုပ်စပ် ပေးလိုက်ခြင်း) နိကန္တိကတဏှာဆိုရ၏။ သို့မဟုတ် ကြည့် လျက်ကသိ သိလျက်က ပီတိဖြစ်နေသော စိတ်တစ်ခု၏ အမည်နှစ်မျိုးတည်း။ လားရမည့်ဘဝနှင့် ထိုက်ရာရှေ့ပြေး နိမိတ်(ကြိုတင်ပြသထားချက် ပုဗ္ဗနိမိတ်)သည် ကံပြုဆဲ ကာလ ထားရှိသောစေတနာ၏ အပြင်းအပျော့ အနုံ့အထက် အရ ပုံစံဖော်ပြသည့် ခံစားခွင့်ရဘဝသစ်၏ အကျိုးပေးပုံပင် ဖြစ်၏။
ကံပြုစဉ်က တည်နေဟန် ရုပ်ပုံလွှာသည် သေခါနီး ကမ္မနိမိတ်အဖြစ် ထင်လာချေမည်။
ထိုအကြောင်းခံ ကမ္မနိမိတ်ထင်ပြလာရာမှ အကျိုးပြ ဂတိနိမိတ် ထပ်ဆင့်ပေါ်လာတတ်သည်။ ဤ၌လည်း ထိုမှ အကြောင်းခံများဖြစ်ကြလေသော ကံ ကမ္မနိမိတ်ရုပ်ပုံလွှာ များ (ငါ၊ အလှူဝတ္ထု၊ အလှူခံပုဂ္ဂိုလ်နှင့် ပရိသတ် စသည်) အပေါ်သို့သာ စွဲလမ်းသမှု အားကိုးပြုနေမိမှားခဲ့သော်..
ကျောင်းဒကာ ကျောင်းစွဲကျောင်းဂတိလွဲနိမိတ်ဖြင့်ပင် ထိုကျောင်းထိဝယ် ပြိတ္တာအသွင်အပြင်ဖြင့် ဝင်ရမည်။
ကိုးကွယ်ရာ ဘုန်းကြီး အစွဲကြီးနေကလည်း ထို၏အနီး ဂတိနိမိတ်တင်စီးကာ ထိုဘုန်းကြီး၏အနားမှာပင် ပြိတ္တာ အရာဝင်တတ်သည်။
အလှူ့ရှင်ဖြစ်သူ ကိုယ့်ကိုယ်ကိုယ်စွဲ အယူလွဲက ကိုယ့်ရုပ်အလောင်းကြီး မြှုပ်နှံရာသို့ လိုက်ပါသွားရကား ¤င်း အရိုးစုအနားမှာပင် ပြိတ္တာအဖြစ်ဖြင့် နေရမည်။
သို့ကြောင့်…
ကုသိုလ်အမှုပြုပါသော်လည်း အာရုံယူနည်း မတတ်၊ ငါ ဝတ္ထု ပုဂ္ဂိုလ်အပေါ် (ဖြစ်ပျက်မြင် လက္ခဏာတင်လျက်က နှစ်သက်စရာ ဝတ္ထုများကို အကောင်းမြင် အကောင်းတွေ့ အဟောင်းမြင် အဟောင်းတွေ၊ အဆွေးထင် အဆွေးရောက်၊ ကုန်းကောက်တတ်စရာ ဘာမရှိသော ခြေသား ပကတိပမာ ငါနှင့်အလှူခံပရိသတ်တို့အပေါ်လည်း ထိုနည်းတူစွာ ဆင်ခြင်ပြီး) ကျော်တတ်မှသာ အကျိုးပြဂတိနိမိတ်ဝင်လာ ခြင်း၊ ထိုလမ်းပြအတိုင်း သွားခြင်းများ ပြုရလေသည်ကို သတိပြုလေဦး။
ကုသိုလ်ပြုတိုင်း ကုသိုလ်မရ အာရုံအချမှားက ကိုယ့် ပုဆိုးစကိုယ် နင်းမိလျက်သား လဲကျသွားရသည်ပမာ အစွဲချရာ အပါယ်ရွာသွားရမည်ကိုလည်း သတိရှိလေဦး။
တစ်ဖန် ကံပြုစဉ်တုန်းက စိတ်ဓာတ်Óဉ်ကိုပင် ပဋိသန္ဓေÓဉ်အဖြစ်ယူပြီး နောက်ဘဝအထဲ လက်စွဲအဖြစ် ပါသွားမည်ဖြစ်ရာ ထိုနောက် ဘဝ တစ်ဘဝလုံးလည်း သေအထိတိုင်အောင် ထိုကံပြုစဉ်က..
သာယာကပ်စွဲ စိတ်အားကြီးလျှင် အာရုံခံစားတိုင်း မကျေနိုင်ဖြစ်မည်၊
မုန်းငြိုးပြစ်မှားစိတ် အားကြီးလျှင် အာရုံခံစားတိုင်း မကျေ နိုင် မချမ်းနိုင်ဖြစ်မည်၊
ပျံ့လွင့်ပူပန်စိတ်ဝင်နေလျှင် အာရုံခံစားတိုင်း ဂနာမငြိမ် ဣနြေ္ဒမရဖြစ်မည်။
စိုးရိမ်ကြောင့်ကြစိတ်ဝင်နေလျှင် အာရုံခံစားတိုင်း စိတ် ချလက်ချ မခံစားရတတ်။
ငါစွဲအားကြီးနေလျှင်ကား မည်သူနှင့်ပေါင်းပေါင်း အသာစီးရမှ ခေါင်းအေးမည်။
ဤအစွဲÓဉ်ဝင်နေကလည်း ထိုညဉ်အတိုင်း ပါဝင်လာ မည်ကိုလည်း သတိရှိလေဦး။
ဤအစွဲÓဉ် ဝင်နေကလည်း ထိုÓဉ်အတိုင်း ပါဝင်လာ မည်ကိုလည်း သတိရှိလေဦး။
ထိုနောက် ဘဝခေါ် ဘဝသစ်ထဲသို့ ပဋိသန္ဓေစိတ် ဝင်အိပ်လိုက်သောအခါ အတိတ်ကပြုခဲ့သောကံသတ္တိများ လည်း ရိက္ခာအဖြစ် ပါလှာမည်၊ ကံပြုစဉ်က စိတ်သတ္တိများ လည်း ရိက္ခာသုံးသူအနေဖြင့် ဆင့်၍ ပါလှာမည်။
မဟာဗောဓိမြိုင်ဆရာတော်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s